
လိပ်သို ၊ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အသက်(၉)လမှ အသက် (၅)နှစ်အောက် ကလေးငယ်များအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ်(၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံရန် စုရပ်သို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုက်နယ် ကျန်းမာရေးမှူး ဒေါ်မိမိုးမိုးခိုင်က ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံ ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် (၉) လမှ အသက် (၅) နှစ်အထိ ကလေးငယ်များအားစာရင်းရေးသွင်းခြင်း၊ ကိုယ်အလေးချိန်အတွက် ပေါင်ချိန်ခြင်း၊ (၅) နှစ် အောက်ကလေးငယ်များအာ vit.A၊ သံချဆေးများတိုက်ကျွေးပေးခြင်း၊ အိုင်အိုဒင်းဆားစစ်ဆေးပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာပေးခြင်းနှင့် ဗီတာမင်နှင့်သတ္တုဓာတ်မှုန့်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံကြရာ မြို့ပေါ်/ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၃၆)ရွာမှ ရပ်ကွက်/ကျေးရွာ အုပ်စုလိုက် ကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ( ၉ - ၁၁-၂၀၂၆) ရက်နေ့မှ(၁၅-၁၁-၂၀၂၆) ရက်နေ့အထိ လိပ်သိုမြို့ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်စိုးစိုးငယ်
https://t.me/MyanmarNationalPost