Myanmar National Post

ဒက္ခိဏသီရိမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၊ အမှုဆောင်အဖွဲ့နှင့် အသင်းစာရင်းစစ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ


ဒက္ခိဏသီရိ  ၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၄-၂၀၂၅ /၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ဒက္ခိဏသီရိမြို့နယ်၊ သမဝါယမဦးစီးဌာန၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ဥက္ကဋ္ဌမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အမှာစကားပြောကြားခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား အမှုဆောင်အဖွဲ့ဝင်များမှ အသီးသီးဖတ်ကြားသည်။

ဆက်လက်၍  ပြင်ဆင်ဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ပြန်လည် ရွေးချယ်ခြင်းအား ကျင်းပခဲ့ရာ တိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်၍ အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအရ အမှုဆောင်အဖွဲ့အသင်းသား စာရင်းစစ်တို့ကို ရွေးချယ်ပေးခဲ့ပြီး၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များအား ဦးစီးဌာနနှင့် အမှုဆောင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post