
ချမ်းမြသာစည် ၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ်ကျောင်းသား/ ကျောင်းသူလူငယ်များ အာကာသသိပ္ပံနှင့်နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာနည်းပညာများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကာ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့်အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၃၀) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပသည်။ထိုသို့ မြို့နယ်အဆင့်အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၀ ဦးက အသုံးချလေ့လာ အာကာသနည်းပညာ ခေါင်းစဥ်ဖြင့် ယှဉ်ပြိုင်လျက်ရှိပြီး ထူးချွန်သူများ ရွေးချယ်ကာ တိုင်းဒေသကြီးအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost