Xinhua Myanmar

အမေရိကအသင်း၌ အငှားချပြီးနောက် ဗီဂါကို ပြန်လည်ခေါ်ယူရန် ပါလ်မီးရပ်စ် စိတ်ဝင်စားလျက်ရှိ

အမေရိကန်နိုင်ငံ မိုင်ယာမီပြည်နယ် ဟာ့ဒ်ရော့ခ်အားကစားကွင်းတွင် အမေရိကန်၏ အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအေပွဲစဉ်အတွင်း ဘောလုံးအား ကန်သွင်းနေသည့် ပါမီးရပ်စပ်အသင်းမှ ရာဖေး ဗီဂါကို တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပိုလို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီးလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ရာဖေး ဗီဂါအနေဖြင့် မက္ကဆီကိုကလပ် အမေရိကအသင်း၌ အငှားစာချုပ်ဖြင့် ကစားနေသည့် ကာလ လာမည့်လ၌ ကုန်ဆုံးသွားချိန်တွင် ပါလ်မီးရပ်စ်အသင်းသို့ ပြန်လာနိုင်ဖွယ်ရှိကြောင်း ဆော်ပိုလိုအခြေစိုက် အဆိုပါကလပ်အသင်းက နိုဝင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

ဗီဂါသည် အောက်တိုဘာလအတွင်း ပခုံးဒဏ်ရာ မရရှိမီ အမေရိကအသင်းအတွက် ပွဲစဉ် ၃၅ ပွဲ ကစားပေးရာတွင် ဂိုး ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ ယင်းနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ ယခုရာသီ ကျန်ရှိသည့် ပွဲစဉ်များတွင် ပါဝင်ကစားနိုင်မည် မဟုတ်ဟု ခန့်မှန်းထားကြသည်။

"ဗီဂါအနေနဲ့ အဲဒီမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်" ဟု ပါလ်မီးရပ်စ်အသင်း ဒုတိယဥက္ကဋ္ဌ Paulo Buosi က သတင်းထောက်များကို ပြောကြားခဲ့သည်။ "သူက ကျွန်တော်တို့ အလွန်စိတ်ဝင်စားတဲ့ ကစားသမားတစ်ဦး ဖြစ်သလို သူကိုယ်တိုင်ကလည်း ပါလ်မီးရပ်စ်အသင်းကို စိတ်ဝင်စားမှု ရှိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ပါလ်မီးရပ်စ်အသင်းနှင့် လာမည့်နှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသည့် အသက် ၃၁ နှစ်အရွယ် ဗီဂါအား အမေရိကအသင်းအနေဖြင့် အပြီးသတ် ခေါ်ယူခွင့်ကို အသုံးပြုဖွယ် မရှိဟု ဘရာဇီးနိုင်ငံရှိ ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

ဗီဂါသည် ၂၀၁၇ ခုနှစ်တွင် ပါလ်မီးရပ်စ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး အသင်းနှင့်အတူ Copa Libertadores ဖလား ၂ ကြိမ်နှင့် ဘရာဇီး စီးရီးအေ ချန်ပီယံဆု ၂ ကြိမ် ရရှိထားသူဖြစ်ကြောင်း သိရသည်။ (Xinhua)

.......................

(English Version)

Palmeiras open to Veiga return after America loan

SAO PAULO, Nov. 11 (Xinhua) -- Former Brazil international midfielder Raphael Veiga could return to Palmeiras when his loan spell at Mexico's America expires next month, the Sao Paulo club said on Wednesday.

Veiga scored five goals and provided eight assists in 35 games for America before suffering a shoulder injury in October. He has since undergone surgery and is expected to miss the rest of the season.

"Veiga is in a situation where he might end his contract there," Palmeiras vice president Paulo Buosi told reporters. "He is a player we are also very interested in, and he is interested in Palmeiras."

Local media in Brazil reported that America is unlikely to exercise its purchase option for the 31-year-old, who is contracted to Palmeiras until December next year.

Veiga joined Palmeiras in 2017, winning two Copa Libertadores trophies and two Brazilian Serie A titles. ■

Photo caption: Palmeiras' Raphael Veiga shoots during the Group A match against Inter Miami of the United States at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, the United States, June 23, 2025. (Xinhua/Li Ming)

မူရင်းသတင်း — Xinhua Myanmar