Xinhua Myanmar

ယူဂန္ဓာနိုင်ငံ ၂၀၂၆ ခုနှစ် ဖီဖာ အမျိုးသား ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်း ကြေညာ

ကမ်ပါလာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယူဂန္ဓာနိုင်ငံ အမျိုးသား ယူ-၁၇ ဘောလုံးအသင်း နည်းပြချုပ် လာရီယာ ကင်းစတန်သည် ၂၀၂၆ ခုနှစ် ဖီဖာ အမျိုးသား ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးအသင်းလူစာရင်းဝင် ကစားသမား ၂၁ ဦးကို ကြေညာခဲ့ပြီး ယမန်နှစ်က ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်စဉ် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ရလဒ်ထက် ပိုမိုကောင်းမွန်သော ရလဒ်ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

“ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ထားပြီး ပြိုင်ပွဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်မယ့် အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ထားပါတယ်။ ကစားသမားအားလုံးက တော်ကြတဲ့အတွက် အသင်းလူစာရင်း ရွေးချယ်ရတာ တော်တော်လေး ခက်ခဲခဲ့ပါတယ်” ဟု ကင်းစတန်က နိုဝင်ဘာ ၁၁ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် စံချိန်တင် အသင်းပေါင်း ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကာတာနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။

ယူဂန္ဓာအသင်း လူစာရင်းတွင် ပြည်တွင်းကလပ်အသင်းများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘောလုံးအကယ်ဒမီများနှင့် နိုင်ငံတကာဘောလုံးအကယ်ဒမီများမှ ရွေးချယ်ထားသည့် ကစားသမားများ ပါဝင်သည်။

ယူဂန္ဓာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ နယူးကယ်လီဒိုးနီးယားနှင့် အီကွေဒေါအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

၂၀၂၅ ခုနှစ် ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သည့် တိုက်စစ်မှူး အိုဝင် မူကီဆာက ယခုနှစ်ပြိုင်ပွဲတွင် အသင်းအနေဖြင့် ကောင်းမွန်သော စွမ်းဆောင်ရည် ပြသနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဒီနှစ်မှာတော့ အဲဒီထက် အများကြီး ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု မူကီဆာက ပြောကြားခဲ့သည်။

အာဖရိကတိုက်မှ ယူဂန္ဓာ၊ အီဂျစ်၊ ကင်မရွန်း၊ မိုဇမ်ဘစ်၊ ကို့တ်ဒီဗွား၊ ဆီနီဂေါ၊ မာလီ၊ မော်ရိုကို၊ တန်ဇန်းနီးယားနှင့် အယ်လ်ဂျီးရီးယား စုစုပေါင်း ၁၀ သင်းမှာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ (Xinhua)

----------------------

(English Version)

Uganda names squad for 2026 FIFA U-17 World Cup

KAMPALA, Nov. 11 (Xinhua) -- Uganda head coach Laryea Kingston has named the final 21-man squad for the 2026 FIFA U-17 World Cup, targeting a better result than the round of 16 finish on Uganda's debut appearance last year.

"We have prepared well and we have selected the best players who should be able to do a good job at the tournament. It has been very tough selecting the team because the players are all good," Kingston told Xinhua on Wednesday.

A record 48 teams will compete in the tournament, to held in Qatar from November 19 to December 13.

The Uganda squad features players drawn from local clubs, secondary schools, football academies and international academies.

Uganda have been drawn in Group B alongside South Korea, New Caledonia and Ecuador.

Forward Owen Mukisa, who featured in the 2025 tournament, told Xinhua that the team was confident of delivering a strong performance this year.

"It was great to reach the last 16 last year in our first appearance and this year we are targeting a much better performance," Mukisa said.

Ten African teams have qualified for the tournament, namely Uganda, Egypt, Cameroon, Mozambique, Cote d'Ivoire, Senegal, Mali, Morocco, Tanzania and Algeria.

မူရင်းသတင်း — Xinhua Myanmar