Xinhua Myanmar

တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၍ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်ရေး အတူတကွ ကြိုးပမ်းကြရန် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တိုက်တွန်း

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှဲ့ဖုန်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသည့် အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ၌ အမှာစကားပြောကြားနေပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိခဲ့သည့် အရေးကြီး ဘုံသဘောတူညီချက်များကို တိတိကျကျ အကောင်အထည်ဖော်ရေး၊ မျှော်မှန်းချက်များကို လက်တွေ့ ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်ရေး၊ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိ၍ အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်နှင့် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်ရေးအတွက် အတူတကွ ကြိုးပမ်းကြရန် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှဲ့ဖုန်းက တိုက်တွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ် ၆၀ ပြည့် ဂုဏ်ပြုညစာစားပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ရှဲ့က "ပစိဖိတ်သမုဒ္ဒရာ တစ်ဖက်တစ်ချက်စီမှာရှိကြတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုးကျေးဇူးရရှိမှာဖြစ်ပြီး ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားမယ်ဆိုရင်တော့ ဆုံးရှုံးနစ်နာရမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် အင်အားကြီးနှစ်နိုင်ငံအနေနဲ့ ရင်းရင်းနှီးနှီး၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မယ့် မှန်ကန်တဲ့ နည်းလမ်းတစ်ခု ရှာဖွေဖို့ အလွန်အရေးကြီးတယ်ဆိုတဲ့ ဘုံသဘောတူညီချက်ဟာ ပိုပြီးခိုင်မာအားကောင်းလာပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်၍ အလွန်ထူးခြားအရေးပါသော နှစ်တစ်နှစ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

"သမ္မတ ရှီကျင့်ဖိန်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ နှစ်ဝက်ကာလအတွင်းမှာ နိုင်ငံတော်ခရီးစဉ်တွေ အပြန်အလှန် သွားရောက်ခဲ့ကြပါတယ်။ လေးစားမှု၊ တရားမျှတမှုနဲ့ အပြန်အလှန်အကျိုးပြုမှုကို အခြေခံတဲ့၊  မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိပြီး အပြုသဘောဆောင်တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပြီး ဒါဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့အနေနဲ့ အပြန်အလှန် အထောက်အကူပြုနိုင်စွမ်းရှိ တယ်ဆိုတဲ့ အချက်ကို ထင်ထင်ရှားရှား ပြသနေပါတယ်" ဟု ရှဲ့က ပြောကြားခဲ့သည်။

"တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်ပြီး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ဟာ အနီရောင်စည်းသတ်မှတ်ချက်တွေကို လေးလေးစားစား လိုက်နာစောင့်ထိန်းဖို့၊ တရားမျှတတဲ့ မူဝါဒနဲ့အညီ ထိပ်ဆုံးရောက်အောင် အပြိုင်အဆိုင်ကြိုးပမ်းကြဖို့၊ အပြန်အလှန်အကျိုးပြုရေး စိတ်ဓာတ်နဲ့အတူ နှစ်ဖက်အကျိုးစီးပွားကို မြှင့်တင်ကြဖို့ လိုအပ်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် နှစ်ဖက်စလုံးအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေး လမ်းကြောင်းများအပြင် ကုန်သွယ်စီးပွား ဆွေးနွေးညှိနှိုင်းမှု ယန္တရားများကိုလည်း အပြည့်အဝအသုံးချရန်၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ တရားဥပဒေစိုးမိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူချင်း ကူးလူးဆက်ဆံရေးနှင့် အခြားသော ကဏ္ဍအသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လည်း ရှဲ့က တိုက်တွန်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စိန်ခေါ်မှုတိုင်းကို ဖြေရှင်းနိုင်မှာမဟုတ်ပေမဲ့လည်း ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး" ဟု ရှဲ့က ပြောကြားလျက် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်-အမေရိကန် အတူတကွ ကြိုးပမ်းလုပ်ဆောင်ရန် မုချလိုအပ်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးမှာ လွယ်ကူဖြောင့်ဖြူးနေမည် မဟုတ်သော်လည်း သမိုင်း၏ လားရာကိုမူ တားဆီး၍မရနိုင်ကြောင်း၊ ထိုဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို  ပေါ့ပေါ့တန်တန် သဘောမထားသင့်သလို မဆုတ်မနစ် ရှေ့ဆက်လျှောက်လှမ်းမည့် သတ္တိကိုလည်း မစွန့်လွှတ်သင့်ကြောင်း ရှဲ့က ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အလို့ငှာ နှစ်ဖက်စလုံးအနေဖြင့် ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်ပြုရေး၊ ယှဉ်ပြိုင်မှုကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာအတွင်း၌သာ ထိန်းသိမ်းထားရေး၊ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရေး၊ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဖော်ဆောင်နိုင်ရေးအတွက် အတူလက်တွဲ လုပ်ဆောင်ကြရန် ရှဲ့က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Chinese envoy urges joint efforts to advance steady, sustained development of China-U.S. relations

NEW YORK, Nov. 11 (Xinhua) -- Chinese Ambassador to the United States Xie Feng has urged joint efforts to faithfully implement the important consensus reached by Chinese and U.S. leaders, translate the vision into concrete action at a faster pace, and promote the steady and sustained development of a constructive China-U.S. relationship of strategic stability.

Speaking at the Gala Dinner 2026 Celebrating 60 Years of the National Committee on U.S.-China Relations on Tuesday, Xie said, "Across the Pacific, a consensus is growing ever stronger: China and the United States stand to gain from cooperation and lose from confrontation, and it is vital for our two major countries to find a right way to get along."

He said that this year holds historic and landmark significance for China-U.S. relations.

"President Xi Jinping and President Donald Trump exchanged state visits within half a year. The two sides have agreed on building a constructive China-U.S. relationship of strategic stability on the basis of respect, fairness, and reciprocity, sending a clear signal that China and the United States can complement each other," Xie said.

"We need to adhere to the red lines with respect, engage in a race to the top under the principle of fairness, and promote mutual benefit in the spirit of reciprocity, so as to advance the steady, sound, and sustainable development of China-U.S. relations," he said.

Xie called on both sides to "give full play to the political and diplomatic channel and also the economic and trade consultation mechanism, and enhance exchanges and cooperation in areas such as mil-to-mil relations, law enforcement, science and technology, people-to-people exchanges, and beyond."

Stressing that joint efforts of China and the United States are indispensable for tackling global issues, Xie said, "While our cooperation may not resolve every challenge, none can be resolved without it."

Though the development of bilateral relations will not be smooth sailing, the trend of history is unstoppable, Xie noted, adding, "We should not underestimate the challenges facing this relationship, nor should we give up the courage to forge ahead."

Xie called on both sides to follow the strategic guidance of the two leaders and work together to ensure that "cooperation is the mainstay, competition is kept within proper limits, differences are managed, and peace can be expected," so as to usher in a brighter future for bilateral relations.

Photo caption: Chinese Ambassador to the United States Xie Feng speaks at the annual gala dinner of the National Committee on U.S.-China Relations held in New York, the United States, Oct. 14, 2025. (Xinhua/Zhang Fengguo)

မူရင်းသတင်း — Xinhua Myanmar