
တူကီယဲ အန်တယ်လ်ရာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏အထူးကိုယ်စားလှယ်၊ နိုင်ငံတော် ဒုတိယသမ္မတ ဟန်ကျိန့်သည် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်တွင် တူကီယဲနိုင်ငံ အန်တယ်လ်ရာမြို့၌ ကျင်းပသည့် “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၁ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP31) အန်တယ်လ်ရာ အကြီးအကဲများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ နိုင်ငံအလိုက် ဆွေးနွေးပြောကြားမှု လုပ်ဆောင်ခဲ့သည်။
ထိုသို့ဆွေးနွေးပြောကြားရာတွင် ဟန်ကျိန့်က ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံခြင်းမှာ လူသားတို့၏ ဘုံလုပ်ငန်းဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန်က ထောက်ပြခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများ အရှိန်မြှင့်လာနေကြောင်း၊ ရင်ဆိုင်နေရသည့်ဤအခြေအနေသစ်ကို ကိုင်တွယ်စီမံရာတွင် မိမိအနေဖြင့် အကြံပြုချက်လေးရပ် အဆိုပြုလိုကြောင်း ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် ဘုံရည်မှန်းချက်ကိုအတည်ပြုသတ်မှတ်၍ စုပေါင်းဆောင်ရွက်မှုကို အခိုင်အမာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်ဖြစ်သော်လည်း မတူညီသည့်တာဝန်များကို ဆောင်ရွက်ခြင်းအားဖြင့် “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” နှင့် ၎င်း၏ “ပဲရစ်သဘောတူညီချက်” အား ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်၍ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှု ပူးပေါင်းအင်အားကို စုစည်းရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတွင် ဦးစီးဦးဆောင်ပြုကာ ရာသီဥတုဆိုင်ရာငွေကြေး ကတိကဝတ်များကိုလည်း ဖြည့်ဆည်းရန်လိုအပ်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် နိုင်ငံအလိုက် ကိုယ်တိုင်ဆန္ဒအလျောက် အစွမ်းကုန် အကျိုးဆောင်ကာ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်၍ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် အစိမ်းရောင်နည်းပညာနှင့် ထုတ်ကုန်များ လွတ်လပ်စွာစီးဆင်းမှုကိုမြှင့်တင်ခြင်း၊ စီးပွားရေးနှင့်ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းမှုပုံစံ အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး နှင့် ကာဗွန်ထုတ်လွှတ်မှု မျှခြေအဆင့် ရောက်ရှိရေးများအား တိုးတက်မှုရှိရန်အခိုင်အမာရည်ရွယ်လျက် လျှပ်စစ်ထုတ်လုပ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းအား ရုပ်ကြွင်းလောင်စာ မဟုတ်သော စွမ်းအင်အရင်းအမြစ်မှ ထုတ်ယူရန်နှင့် နောက်ဆုံးသုံးစွဲသည့်စွမ်းအင် အချိုးအဆသည် ၃၅ ရာခိုင်နှုန်း ရောက်ရှိရန် စသည့် ရည်မှန်းချက်များပါဝင်သည့် ၂၀၃၀ ခုနှစ်အတွက် ဦးတည်ချက်ချမှတ်ထားကြောင်း ဟန်ကျိန့်က ဆိုခဲ့သည်။
တတိယအချက်အနေဖြင့် ရာသီဥတု သဘာဝဘေးအန္တရာယ်အား ကြိုတင်ကာကွယ်ပြီး ရာသီဥတုဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ရေးတို့ကို ဟန်ချက်ညီညီချဉ်းကပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချခြင်း၊ စောင့်ကြည့်တိုင်းတာခြင်းနှင့် ကြိုတင်အသိပေးခြင်း၊ သဘာဝဘေးကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်မိုးလေဝသဆိုင်ရာ AI စွမ်းရည်သုံး ကြိုတင်သတိပေးအစီအစဉ် “မားကျူ(MAZU)” ကို ပိုမိုများပြားသောနိုင်ငံများတွင် အသုံးပြုရန် တွန်းအားပေး၍ ထိုနိုင်ငံများ၏ ရာသီဥတုအန္တရာယ်ကြိုတင်ကာကွယ်မှုနှင့်ကိုင်တွယ်စီမံမှုကို အားဖြည့်ပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအချက်အနေဖြင့် တံခါးဖွင့်ဝါဒနှင့်အားလုံးပါဝင်ခွင့်ကို ဆွဲကိုင်ကာ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးကူညီမှုကိုမြှင့်တင်ကာ သန့်ရှင်း၍လှပသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကဆိုလာရပ်ဝန်း ကဲ့သို့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာစီမံကိန်းများကို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ တိုးတက်မှုရှိရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး “ကမ္ဘာ့တောင်ဘက်ခြမ်း ရာသီဥတုလှုပ်ရှားမှုဆိုင်ရာ အကြီးအကဲများ အစီအစဉ်” စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တိုက်ဖျက်ရေးနှင့် လျှော့ချရေးယန္တရားကို တရားမျှတ၍ထိရောက်စွာ ဖော်ဆောင်နိုင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။(Xinhua)
---------------------
(Chinese Version)
韩正出席《联合国气候变化框架公约》第三十一次缔约方大会安塔利亚领导人峰会并作国别发言
新华社土耳其安塔利亚11月11日电(记者傅云威)当地时间11月11日,习近平主席特别代表、国家副主席韩正在土耳其出席《联合国气候变化框架公约》第三十一次缔约方大会(COP31)安塔利亚领导人峰会并作国别发言。
韩正表示,习近平主席指出,应对气候变化是人类共同的事业。当前,全球气候变化不利影响加速显现。面对新形势,我愿提4点建议。
第一,锚定共同目标,强化集体行动。要遵循共同但有区别的责任原则,全面有效落实《联合国气候变化框架公约》及其《巴黎协定》,凝聚全球气候治理合力。发达国家应率先减排,兑现气候资金承诺。各方应全力落实国家自主贡献,力争做得更好。
第二,加快绿色转型,推进低碳发展。要促进优质绿色技术和产品自由流通,推动经济和产业结构转型升级。中国今年规划了2030年非化石能源发电量占比达到50%、电能占终端能源消费比重达到35%等目标,坚定不移推进碳达峰碳中和。
第三,防范气候灾害,提升气候韧性。要坚持减缓和适应并重,加强防灾减灾、监测预警、灾害救援等领域合作,提高气候适应能力。中国愿推动气象智能预警方案“妈祖”在更多国家落地应用,助力各国防范和应对气候风险。
第四,坚持开放普惠,深化国际合作。要加强对发展中国家的支持和帮助,共建清洁美丽世界。中国持续推进非洲光带等应对气候变化南南合作项目,将推出“全球南方气候行动领袖计划”能力建设项目。中国也将为国际航空碳抵消和减排机制的公平有效实施作出贡献。(完)
图说:当地时间11月11日,习近平主席特别代表、国家副主席韩正在土耳其出席《联合国气候变化框架公约》第三十一次缔约方大会(COP31)安塔利亚领导人峰会并作国别发言。 新华社记者 刘卫兵 摄