
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်သည့် အသေးစားနှင့်အလတ်စား နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းတစ်စင်းသည် နိုဝင်ဘာ ၁၁ ရက်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့်နည်းပညာကော်ပိုရေးရှင်း (CASC) လက်အောက်ရှိ တရုတ်နိုင်ငံ လေကြောင်းနှင့် အာကာသဆိုင်ရာ လေခွင်းအားပညာရပ် အကယ်ဒမီက ပြောကြားခဲ့သည်။
အဆိုပါဒရုန်းသည် နေရောင်ခြည်စွမ်းအင်တစ်မျိုးတည်း အသုံးပြုမောင်းနှင်သည့် စီးပွားဖြစ်အသုံးပြုနိုင်သော လျှပ်စစ်စွမ်းအင်သုံး လေယာဉ်အမျိုးအစားဖြစ်သည်။ ၎င်း၏ အလျားမှာ ၃.၂ မီတာရှိပြီး တောင်ပံတစ်ဖက်မှ တစ်ဖက်အထိ အကျယ် ၈ မီတာရှိကာ အများဆုံး ပျံသန်းနိုင်သည့်ကြာချိန်မှာ ၃၀ နာရီ ဖြစ်သည်။
အဆိုပါ ဒရုန်းကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရန်၊ စွမ်းအင်ချွေတာနိုင်ရန်၊ ကုန်ကျစရိတ် သက်သာစေရန်နှင့် အလျင်အမြန်အမြောက်အမြား ထုတ်လုပ်နိုင်ရန် ဒီဇိုင်းရေး ဆွဲထားခြင်းဖြစ်ကြောင်း တီထွင်သည့်အဖွဲ့က ပြောကြားခဲ့သည်။ ၎င်း၏ အဓိကအားသာချက်များတွင် အချိန်ကြာကြာ ပျံသန်းနိုင်ခြင်း၊ အချိန်တိုအတွင်း ဖြန့်ကြက်အသုံးပြုနိုင်ခြင်း ပြုပြင်ထိန်းသိမ်းရန်နှင့် ဝန်ဆောင်မှုပေးရန်လွယ်ကူခြင်းတို့ ပါဝင်သည်။
အဆိုပါဒရုန်းသည် အချိန်ကြာကြာ ပျံသန်းနိုင်ခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းနှင့် ကျယ်ပြန့်သော ဧရိယာများတွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း စသည့် အရည်အသွေးများရှိသော လျှပ်စစ်စွမ်းအင်သုံး အသေးစားနှင့်အလတ်စား အနိမ့်ပျံလေယာဉ်များအတွက် တရုတ်နိုင်ငံ၏ စီးပွားဖြစ်ဈေးကွက်တွင် ရှိနေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ကြောင်း တီထွင်သူများက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဒရုန်းကို အကွာအဝေးရှည်လျားသည့် ပိုက်လိုင်းများ စစ်ဆေးခြင်း၊ အဓိကရေအရင်းအမြစ်ထိန်းသိမ်းရေး အဆောက်အအုံများကို စစ်ဆေးခြင်း၊ မြေတိုင်းတာခြင်းနှင့် သဘာဝသယံဇာတများကို စစ်တမ်းကောက်ယူခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများကို အလျင်အမြန်စစ်ဆေးခြင်းနှင့် ကျယ်ပြန့်သောဧရိယာများကို စောင့်ကြည့်လေ့လာခြင်းတို့တွင် အသုံးပြုသွားမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………......
(English Version)
China's solar-powered drone completes maiden flight, filling commercial gap
BEIJING, Nov. 11 (Xinhua) -- A Chinese-developed small and medium-sized solar-powered drone completed its maiden flight on Wednesday, according to the China Academy of Aerospace Aerodynamics under the China Aerospace Science and Technology Corporation (CASC).
The drone is a commercial-grade, all-electric aircraft powered solely by solar energy. It is 3.2 meters long and has an 8-meter wingspan, with a maximum designed endurance of 30 hours.
The development team said the drone was designed to be green, energy-saving, low-cost and suitable for rapid mass production. Its main advantages include long flight time, rapid deployment and easy maintenance and support.
The drone fills a gap in China's commercial market for small and medium-sized all-electric low-altitude aircraft capable of long endurance, lower cost and large-area operations, the developers added.
It is expected to be used for long-distance pipeline inspection, inspection of major water conservancy facilities, land surveying and natural resource surveys, rapid disaster-area inspection, and large-area monitoring.
Photo caption: A drone photo shows plant protection drones conducting spraying operations in the wheat fields of Houshuangqiu Village of Qingdao, east China's Shandong Province, May 6, 2026. (Xinhua/Li Ziheng)