Xinhua Myanmar

တရုတ်နှင့် နမီးဘီးယားနိုင်ငံတို့ ဆေးဘက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကျင်းပ

နမီးဘီးယားနိုင်ငံ ဝင်းဟွတ်ခ်မြို့ရှိ Katutura အလယ်အလတ်အဆင့် ဆေးရုံတွင် ဖွင့်လှစ်ထားသော တရုတ်အပ်စိုက်ကုသရေးဆေးခန်း၌ နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့ ၁၆ ဖွဲ့မြောက်၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဟွမ်ချင် (ဝဲ) က လူနာတစ်ဦးအား ရောဂါရှာဖွေစစ်ဆေးပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝင်းဟွတ်ခ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ဆေးဘက်ဆိုင်ရာအဖွဲ့ နမီးဘီးယားနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်ကို တရုတ်နှင့် နမီးဘီးယားနိုင်ငံတို့က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆေးကုသမှုဆိုင်ရာ လက်တွေ့သင်တန်းများ၊ ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်နှင့် အထူးကုကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလက်လှမ်းမီစေရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀ ကြာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်ကို ဖန်တီးပေးခဲ့ကြောင်း နမီးဘီးယားနိုင်ငံ မြို့တော် ဝင်းဟွတ်ခ်၌ ကျင်းပသည့် အခမ်းအနားတွင် နမီးဘီးယားနိုင်ငံ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု ဒုတိယဝန်ကြီး ဆူဇန် အန်ဂျာလီကာက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ရှေ့ဆက်မယ့် ပူးပေါင်းဆောင်ရွက်မှုအဆင့်မှာတော့ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာဖို့နဲ့ ကျွမ်းကျင်ပညာရှင်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေ၊ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ရေရှည်တည်တံ့တဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဆေးဘက်ဆိုင်ရာ အထူးကုများအကြား အတွေ့အကြုံဖလှယ်ရေး၊ အဆင့်မြင့် သူနာပြုသင်တန်းများ၊ ဆေးကုသမှုဆိုင်ရာ လက်တွေ့လုပ်ငန်း လမ်းညွှန်သင်ကြားပေးမှုနှင့် ဆေးရုံစီမံခန့်ခွဲမှုတို့သည် နှစ်နိုင်ငံအကြား ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများ မျှဝေနိုင်သည့်ကဏ္ဍများဖြစ်ကြောင်း ဆူဇန် အန်ဂျာလီကာက ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ဆေးဘက်ဆိုင်ရာအဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် နမီးဘီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဝင်းဟွတ်ခ်မြို့ရှိ Katutura အလယ်အလတ်အဆင့် ဆေးရုံတွင် အပ်စိုက်ကုသရေးဌာန တည်ထောင်နိုင်ရန် ကူညီပေးခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များသည် နှစ်စဉ် လူနာထောင်ပေါင်းများစွာကို ကုသပေးခဲ့သည့်အပြင် ဝေးလံခေါင်သီသော ဒေသများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ကြသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ယွီရှင်းလဲ့က နမီးဘီးယားနိုင်ငံတွင် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များ၏ ဝန်ဆောင်မှုပေးနေမှုများကို ချီးကျူးပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ကျဲ့ကျန်းပြည်နယ် ကျန်းမာရေးကော်မရှင်အနေနဲ့ ပြည်ပနိုင်ငံတွေကို ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို အမြဲတမ်း အလေးထားဆောင်ရွက်ခဲ့ပြီး အဲဒီလုပ်ငန်းတွေကို ပြည်နယ်ရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယွီရှင်းလဲ့က တရုတ်-အာဖရိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအောက်တွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် ဆေးကုသမှုဆိုင်ရာ အထူးပြုကဏ္ဍများကို ပူးတွဲဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အခမ်းအနားတွင် Katutura အလယ်အလတ်အဆင့် ဆေးရုံသို့ အနီအောက်ရောင်ခြည်ဖြင့် ကုသရေးမီးအိမ် ၃၀ ကျော် လှူဒါန်းခြင်းကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/africa/20261112/3b57fe18d13d4b58b9cf103859a76cad/c.html

--------------------

(English Version)

China, Namibia mark 30th anniversary of medical team cooperation

WINDHOEK, Nov. 11 (Xinhua) -- China and Namibia on Wednesday marked the 30th anniversary since the first Chinese medical team arrived in Namibia, with officials highlighting clinical training, digital health and wider access to specialist care as priorities for future cooperation.

Speaking at a ceremony in Windhoek, Namibia's capital, Deputy Minister of Health and Social Services Suzan Ndjaleka said three decades of cooperation had given the two countries a strong basis for working more closely.

"However, the next phase of our cooperation should be characterized by deeper institutional collaboration and expanded professional development opportunities, research, innovation, and sustainable capacity building," she said.

Ndjaleka highlighted exchanges between medical specialists, advanced nursing training, clinical mentorship and hospital management as areas where the two countries could share expertise.

The first Chinese medical team arrived in Namibia in 1996 and helped establish the acupuncture department at Katutura Intermediate Hospital in Windhoek.

Chinese medical teams have since treated thousands of patients each year and have also provided care in remote areas.

Yu Xinle, deputy director of the Health Commission of east China's Zhejiang Province, praised the Chinese medical teams for their service in Namibia.

"Over the past 30 years, the Health Commission of Zhejiang Province has always attached great importance to foreign medical aid work, integrating it into the overall development of the province's health sector," he said.

Yu pledged to advance health cooperation under the China-Africa partnership actions, focusing on the joint development of clinical specialties, the training of health professionals and capacity building.

The ceremony also included the donation of more than 30 infrared therapy lamps to Katutura Intermediate Hospital.

https://english.news.cn/africa/20261112/3b57fe18d13d4b58b9cf103859a76cad/c.html

Photo Caption : Dr. Huang Qin (L), head of the 16th batch of the China Medical Team in Namibia, diagnoses a patient at the Chinese acupuncture clinic at Katutura Intermediate Hospital in Windhoek, Namibia, on Jan. 28, 2026. (Photo by Ndalimpinga Iita/Xinhua)

မူရင်းသတင်း — Xinhua Myanmar