Kanbawza Tai News

ဟိုပုံးမြို့နယ်၊ နောင်ဒေး-မိုင်းပျဉ်းသွားကားလမ်း မြေသားနိမ့်ကျပျက်စီး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်ဒေး-မိုင်းပျဉ်းသွားကားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက မြေသားနိမ့်ကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

နောင်ဒေးကျေးရွာအုပ်စု၊ နောင်ဒေးကျေးရွာမှ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဆောတော ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကျောက်လမ်း၏ မိုင်တိုင် (၅/၄) အနီးတွင် လမ်းအရှည် ပေ ၄၀ ခန့်၌ ရေစီးကြောင်းဖြစ်ပေါ်ပြီး မြေသားနိမ့်ကျကာ လမ်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းပျက်စီးမှုကြောင့် အိမ်စီးကားငယ်များ ‌ရှောင်ကွင်းသွားလာနိုင်ဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှု မရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ် အပါအဝင် ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News