Kanbawza Tai News

တောင်ကြီး-အေးသာယာအဆင်းလမ်း တောင်ပြိုပြီး လမ်းပိတ်နေ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယမန်နေ့ နိုဝင်ဘာ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်း၌ တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင် တောင်ပြိုကျပြီး လမ်းပေါ်သို့ မြေသား များ ကျရောက်ကာ လမ်းပိတ်ဆို့လျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လမ်းပိတ်ဆို့နေမှုကြောင့် အဆင်းယာဉ်များအား အတက်လမ်းမှ မောင်းနှင်စေပြီး လမ်းကြောင်း ပိတ်ဆို့ နေသည့် နေရာအား အေးသာယာမြို့ရှိ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကြီးမြို့နယ်အတွင်းရှိ ကျီးဖြူကန်နှင့် ကုန်းလှိုင်‌ရေကန်တို့တွင်လည်း ရေလျှံပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News