
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် နေအိမ်ဝိုင်းများ အတွင်း ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။
ရေဝင်ရောက်သော နေရာများမှာ မြေနိမ့်ပိုင်းဖြစ်သော အမှတ် (၁) ရပ်ကွက် နှင့် အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက် ချောင်းဘေးနေရာများရှိ လူနေအိမ်များ စုစုပေါင်း အိမ်ခြေ ၃၅၀ ခန့် ရေများဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးမှ ပျက်စီးဆုံးရှုံးမှုအခြေအနေစာရင်း အသေးစိတ် ကောက်ယူခြင်းနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးခြင်းများကို တာဝန်ရှိသူများ၊ မြို့မိမြို့ဖ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။