
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နိုဝင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ မြို့တော် တောင်ကြီးတွင် ၇၆ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။
မိုးလေဝသတိုင်းထွာချက်များအရ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် မာန်အောင်မြို့နှင့် တောင်ကြီးမြို့တို့၌ အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်များ စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၌ မိုးရေချိန် ၁၀၃ မီလီမီတာ (၄ ဒသမ ၀၅ လက်မ) ထိ ရွာသွန်းခဲ့ပြီး ၅၂ နှစ်အတွင်း စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကာ ယခင် မိုးရေချိန် စံချိန်ဟောင်းမှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရရှိခဲ့သည့် ၈၀ မီလီမီတာ (၃ ဒသမ ၁၅ လက်မ) ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ တို့တွင် မိုးလေဝသစခန်းစတင်ဖွင့်လှစ်ချိန် လွန်ခဲ့သော နှစ်ပေါင်း ၆၀ မှ ၇၅ နှစ်အတွင်း မိုးရေချိန် စံချိန်သစ် များ ရွာသွန်းခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်က မိုးရေချိန် ၁၀၀ မီလီမီတာ (၃ ဒသမ ၉၄ လက်မ) ရွာသွန်းခဲပြီး လွိုင်လင်မြို့တွင် ၉၆ မီလီမီတာ (၃ ဒသမ ၇၈ လက်မ) ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့တော် တောင်ကြီးတွင် မိုးရေချိန် စံချိန်တင် ရွာသွန်းမှုနှင့်အတူ တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စပါးခင်းနှင့် ရာသီသီးနှံစိုက်ခင်းများ ရေဝင် နစ်မြုပ်မှု ရှိခဲ့ကြောင်း သိရသည်။