Kanbawza Tai News

ယနေ့အတွက် သတင်းများ | 12-11-2026 ‎

❏ ရေကြီးရေလျှံမှုကြောင့် ရှမ်းတောင်တွင် စပါးစိုက်ဧက ၁၉၀၀ ကျော် ရေနစ်မြုပ်နေ

ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါးစိုက်ဧက ၁၉၀၀ ကျော်အပြင် စိုက်ပျိုးသီးနှံစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

❏ တောင်ကြီးတွင် မိုးရေချိန်စံချိန်သစ် တိုင်းထွာရရှိ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နိုဝင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ မြို့တော် တောင်ကြီးတွင် ၇၆ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။

❏ ညောင်ရွှေတွင် ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ ၆၀၀ ခန့် ရွှေ့ပြောင်းထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အိမ်ထောင်စု ၂၃၀ ကျော်မှ လူဦးရေ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရသည်ဟု သိရသည်။

မူရင်းသတင်း — Kanbawza Tai News