❏ ရွှေညောင်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများကို ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးထား
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော်ကို လှိုင်ဘုံသာ ရပ်ကွက်၊ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
❏ တရားမဝင် ဗွီဒီယိုဖွင့်လှစ်ပြသနေသည့် Private Cinema ၂ ခုမှ ပိုင်ရှင်ကို ဖမ်းဆီး
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဗွီဒီယို ဖွင့်လှစ်ပြနေသည့် Private Cinema ၂ ခုမှ ပိုင်ရှင်ဖြစ်သူကို အမှုဖွင့်ဖမ်းဆီး အရေးယူထားသည်ဟု သိရသည်။
❏ ရွှေညောင်၊ ညောင်ရွှေရှိ ရေဘေးသင့်ပြည်သူများကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ သွားရောက်လှူဒါန်း
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့က ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။