
ရန်ကုန်- နိုဝင်ဘာ ၁၂-၂၀၂၆
EP(VOM)
စားသုံးသူတွေရဲ့ နစ်နာဆုံးရှုံးမှုကို တိုင်ကြားမှုမှာ ရန်ကုန်မြို့နဲ့ မန္တလေး မြို့က တိုင်ကြားမှု များပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးက နည်းပါးနေကြောင်း စားသုံးရေးရာ ဦးစီဌာနက သိရှိရပါတယ်။
ရန်ကုန်တိုင်းက လက်ခံတိုင်ကြားရရှိမှု ၃၀၂ ခုရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဒုတိယအများဆုံးဟာ မန္တလေးတိုင်းဖြစ်ပြီး ၆၄ ခု တိုင် ကြားမှု ရှိခဲ့ပါတယ်။
ဒီစာရင်းဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်းကုန်စည်တိုင်ကြားမှု ၄၄ ခု ဝန်ဆောင်မှုတိုင်ကြားမှု ၄၁၈ ခု စုစုပေါင်း ၄၆၂ ရှိခဲ့ပါတယ်။
” လက်ရှိမှာတော့ စားသုံးသူဥပဒေကို ချိုးဖောက်တာမျိုးက နည်းနဲ့ အတွက် အရေးယူတဲ့ အမှုထက် ကျွန်တော်တို့က တိုင်ကြားသူနဲ့ တိုင်ကြားခံရသူ အကြား စေ့စပ်ညှိနှိုင်းပေးတဲ့အမှုက များပါတယ်” လို့ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။
တိုင်ကြားမှု ၄၆၀ ကျော်ရှိတဲ့အနက် ၄၂၆ ခု ဖြေရှင်းပြီးစီးခဲ့ပြီး ဖြေရှင်းရန်ကျန် ၃၆ ခုသာ ကျန်ရှိနေခြင်း ဖြစ်ပါတယ်။
” တိုင်ကြားမှုက နေ့စဉ်လာနေတာ ရှိတော့ ဖြေရှင်းဖို့ ကျန်နေတာ ရှိသလို စားသုံးရေးရာဦးစီးဌာန တခုတည်း မတတ်နိုင်တဲ့ ကိစ္စတွေတော့ တိုင်းအစိုးရအ ဖွဲ့ သက်ဆိုင်ရာဝန်ကြီးတွေ ဦးဆောင်တဲ့ ကော်မတီကို လွှဲပေးပါတယ်” လို့ ထပ်မံပြောပါတယ်။
တိုင်ကြားမှုအမျိုးအစားအုပ်စုအရ အီလက်ထရော နစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုခေါင်းစဥ်နဲ့တိုင်ကြားမှု ၇၇ ခုရှိခဲ့ပါတယ်။
အွန်လိုင်းက ဈေးဝယ်ပြီး တိုင်ကြားမှုတွေကိုညှိ နှိုင်း ဖြေရှင်းပေးတာမှာ လိမ်လည်မှုဖြစ်ပြီးဆိုင်မရှိလို့ ဖြေရှင်းဆောင်ရွက်ပေးလို့ မရတဲ့ အမှုတွေလည်း ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စားသုံးရေးရာဦးစီဌာနက ကနဦး အနေနဲ့ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူအကြား စေ့စပ်ညှိနှိုင်းပေးပါတယ်။
စေ့စပ်ညှိနှိုင်းမရတဲ့ အမှုတွဲတွေကို ၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ စားသုံးသူရေးရာကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နဲ့ အရေးယူဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူတွေရဲ့ နစ်နာမှုကို အများစု လက်လှမ်းမှီတဲ့ တယ်လီဖုန်း ၊မိုဘိုင်းပလီကေးရှင်း ၊ ဌာန ဝက်ဆိုဘ်နဲ့ လူကိုယ်တိုင် တိုင်ကြားမှုတွေကို လက်ခံဆောင်ရွက်ပေးနေပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုနဲ့ ပြည်ထောင်စု နယ်မြေ ၊ ရုံးချူပ် အပါအဝင် ၁၆ နေရာက လက်ခံ ဆောင်ရွက်ပေးနေပါတယ်။