
တရုတ်အတွက် စပိုင်လုပ်ပေးနေသည်ဟု စွပ်စွဲခံရသော အမျိုးသမီးအပါအဝင် အိမ်ထောင် ရေးဖောက်ပြန်မှု နှစ်ကြိမ်ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ဂျန်ဆန်ဝှမ်က နိုဝင်ဘာ၁၂ ရက်တွင် Nvidia ကုမ္ပဏီ၏ အမှုဆောင်ချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ဘုတ်အဖွဲ့က ဂျန်ဆန်ဝှမ်၏နေရာကို ဆက်ခံမည့်သူအားရှာဖွေနေချိန်တွင် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်ချုပ်ကိုလက်ခရက်စ်က ယာယီအမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ဂျန်ဆန်ဝှမ်သည် သူ ပူးတွဲတည်ထောင်ခဲ့သော Nvidia ကုမ္ပဏီ၏အကြီးအကဲအဖြစ် ၃၃ နှစ်ကြာ ထမ်းဆောင်မှု အဆုံးသတ် သွားပြီဖြစ်သည်။
အသက် ၆၃ နှစ်ရှိ ဝှမ်သည် ဘုတ်အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက်သွားခဲ့သည်။ Nvidia ကုမ္ပဏီက ဂျန်ဆန်ဝှမ် ရာထူးမှနုတ်ထွက်သွားရသည့် အကြောင်းပြချက်ကို ထုတ်ပြန်ခြင်းမပြုပေ။
ဂျန်ဆန်ဝှမ်၏အိမ်ထောင်ရေးဖောက်ပြန်သောသတင်းများက ဒေါ်လာထရီလီယမ်ချီတန်သော Nvidia ကုမ္ပဏီ၏ ရှယ်ယာဈေးများကို ကျဆင်းသွားစေခဲ့သည်။
ဉာဏ်ရည်တုခေါ် AI ခေတ်ထမှုကို အဓိကအားပေးမြှင့်တင်သူဖြစ်သော ဟွမ်၏နုတ်ထွက်မှုက AI နယ်ပယ်အတွက်အရေးပါသောအချိန်ကာလတွင် Nvidia အနေဖြင့် ကုမ္ပဏီတည်ထောင်သည့် ခေါင်းဆောင်ကင်းမဲ့သွားခဲ့ရသည်။
ဂျန်ဆန်ဝှမ် နုတ်ထွက်ကြောင်း ကြေညာချက်ထွက်လာခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် Nvidia ရှယ်ယာဈေးများသည် ဈေးကွက်ဖွင့်ချိန် ရောင်းဝယ်ရာ၌ ၁၀ ရာခိုင်နှုန်းကျော် ဈေးကျသွားခဲ့သည်။ Nvidia ရှယ်ယာဈေးများသည် အောက်တိုဘာလဆန်းပိုင်းတွင် ကုမ္ပဏီ၏စံချိန်အဖြစ် ၂၅ ရာခိုင်နှုန်း ဝန်းကျင်ကျ ဆင်းသွားခဲ့သည်။
Ref:AFP