Myanmar National Post

တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၆,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊ နိုဝင်ဘာ ၁၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၁၁ ရက်နေ့ ၀၆၀၀ အချိန် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင် ကျော်နိုင် မောင်းနှင်ပြီး ဇေယျာကျော် နှင့် အောင်ခင် တို့လိုက်ပါလာသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၀၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်နိုင်(၄၂)နှစ်၊ ဇေယျာကျော်(၄၃)နှစ် နှင့် အောင်ခင်(၃၅)နှစ်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post