
ပြည်၊ နိုဝင်ဘာ ၁၃
မော်တော်ယာဉ်၊ ဆိုင်ကယ် နံပါတ်ပြားများနှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်များ အတုပြုလုပ်ရောင်းချနေသူ ၄ ဦးအား ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီအချိန်က ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ဆေးရုံသစ်လမ်းရှိ နေအိမ် တစ်လုံးတွင်သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ဖမ်းဆီးခံရသူ ၄ ဦးမှာ လှိုင်လှိုင်ထွန်းရွှေ(ခ)ပူတူး အသက်(၄၄)နှစ်၊ အိအိကေခိုင်(ခ)မအိ အသက်(၄၆) ၊ အောင်သက်ဦး အသက် (၄၃)နှစ်၊ ထက်ထက်မင်း အသက်(၃၇)နှစ်တို့ ဖြစ်ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မော်တော်ယာဉ်၊ ဆိုင်ကယ်နံပါတ်ပြားများနှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်များ အတုပြုလုပ်ရောင်းချနေကြောင်း စုံစမ်းသိရှိရ၍ မှု့ခင်းရဲတပ်ဖွဲ့ (CID)မှ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ဝင်ရောက်ရှာဖွေရာ နေအိမ်နောက်ဖက် ကား ဂိုဒေါင်နှင့်ကပ်လျက်စတိုးခန်းတွင် မော်တော်ယာဉ်၊ဆိုင်ကယ်နံပါတ်ပြားအတုပြုလုပ်ရာ၌ အသုံးပြုသော ရိုက်နှိပ်ပြီး မော်တော်ယာဉ်/ဆိုင်ကယ်နံပါတ်ပြားမျိုးစုံ ၊ ယာဉ် မှတ်ပုံတင် သက်သေခံလက်မှတ်များ ၊ အတုပြုလုပ်ရာ တွင်အသုံးပြုသည့် ဆက်စပ်သက်သေခံပစ္စည်းများနှင့်အတူ ၎င်းတို့ ၄ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်၊ ဆိုင်ကယ်နံပါတ်ပြားများနှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်များ အတုပြုလုပ်ပြီး အစစ်အမှန်အနေဖြင့် အသုံးပြုစေရန် လိမ်လည်ရောင်းချနေသူ(၄)ဦးတို့အား ပြည်မြို့ အမှတ် (၃)နယ်မြေ ရဲစခန်းတွင်၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈/၄၇၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာမညအသံ
#News #Myanmar