Xinhua Myanmar

ပြည်ပပို့ယာဉ်များ ဆိပ်ကမ်းမှ စတင်ထွက်ခွာ၊ အာရှ-ပစိဖိတ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်လျက်ရှိ

.

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ယန်းထိုင်ဆိပ်ကမ်းတွင် “SAIC ANJI SINCERITY” မော်တော်ယာဉ်တင်သင်္ဘောတစ်စင်း မက္ကဆီကို၊ စပိန် စသည့်နိုင်ငံများသို့ တင်ပို့မည့်ကားများကို တင်ဆောင်ကာ ထွက်ခွာသွားသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကမ်းရိုးတန်းဒေသတစ်လျှောက်တွင်  မော်တော်ယာဉ်များအား ပြည်ပနှင့်ကုန်သွယ်ရာတွင် အချက်အချာကျသည့် ဆိပ်ကမ်းတစ်ခုဖြစ်သည့်  ဆန်းတုန်းပြည်နယ်ရှိ ယန်းထိုင်ဆိပ်ကမ်းတွင် မကြာသေးမီနှစ်များအတွင်း Ro-Ro သင်္ဘောတင်ခြင်း၊ ကွန်တိန်နာ၊  အမိုးအကာမဲ့ ကုန်တင်ခုံနှင့် အထွေထွေကုန်စည်များအတွက် ဝန်ချီစနစ်တို့ပေါင်းစပ်ပါဝင်သည့်  ပြည်ပကုန်တင်ပို့မှုလုပ်ငန်းစနစ် တစ်ခုကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆန်းသစ်သော ဘက်စုံယာဉ်အတင်အချစနစ်တစ်ခု ဖန်တီးလိုက်ခြင်းဖြင့် APEC ဒေသတွင်း ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ "ရပ်ဝန်းနှင့် ပိုးလမ်းမ" အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးနှင့် RCEP ပူးပေါင်းဖွံ့ဖြိုးရေး အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ ကမ္ဘာ့အဓိက ဆိပ်ကမ်းများသို့ ဆက်သွယ်ထားသော ယာဉ်များပြည်ပတင်ပို့မည့်လမ်းကြောင်း ၂၁ ခုကို ဖွင့်လှစ်ခဲ့သည်။

အကောက်ခွန်ဌာန၊ နယ်စပ်စစ်ဆေးရေးဌာနနှင့် အခြားသောဆိပ်ကမ်းအာဏာပိုင်များက ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းကွင်းဆက်တစ်ခုလုံးဖြစ်သည့် သင်္ဘောဆိပ်ကမ်းဝင်ချိန်မှသည်  စစ်ဆေးခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ ဆိပ်ခံတံတား၌ဆိုက်ကပ်ခြင်း၊ ကုန်တင်ခြင်းနှင့် ကုန်စည်ရွှေ့ပြောင်းသယ်ယူခြင်းအထိ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယန်းထိုင်ဆိပ်ကမ်းတွင်  နည်းလမ်းမျိုးစုံဖြင့် ယာဉ်များအား ပြည်ပတင်ပို့မှုပမာဏမှာ ၇၂၃,၀၀၀ စီး ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၈.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းအနက် စွမ်းအင်သစ် လျှပ်စစ်ကားများ ပို့ဆောင်မှုပမာဏမှာ ၁၁၇,၀၀၀ စီး ဖြစ်ပြီး ယမန်နှစ် အလားတူကာလထက် ၄၉.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

商品车扬帆出海 深耕亚太经贸合作

新华社照片,济南,2026年11月12日

作为我国沿海商品车外贸枢纽港,近年来,山东港口烟台港构建起滚装、集装箱、框架箱、件杂货吊装“四位一体”商品车出口作业体系,创新集滚发运模式,紧扣APEC区域经贸合作、高质量共建“一带一路”、RCEP协同发展机遇,开通21条商品车外贸航线,连通全球主要商品车码头。与此同时,海关、边检等口岸单位协同联动,打通集港、查验、通关、靠泊、装船、中转全链条绿色通道,持续提升通关作业效率。今年1至10月,烟台港完成商品车全模式运量达72.3万辆,同比增长8.6%,其中,新能源车运量11.7万辆,同比增长49.2%。

图说1、2:11月11日,在山东港口烟台港,“上汽安吉申诚号”汽车运输船完成商品车装载作业后驶离港口前往墨西哥、西班牙等国家(无人机照片)。 新华社记者 李紫恒 摄

图说3:11月10日,在山东港口烟台港,“上汽安吉申诚号”汽车运输船停泊码头进行商品车装载作业。新华社记者 郭绪雷 摄

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ယန်းထိုင်ဆိပ်ကမ်းတွင် “SAIC ANJI SINCERITY” မော်တော်ယာဉ်တင်သင်္ဘောတစ်စင်း မက္ကဆီကို၊ စပိန် စသည့်နိုင်ငံများသို့ ပို့ဆောင်ရန် စတင်ထွက်ခွာသွားသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ယန်းထိုင်ဆိပ်ကမ်းတွင် “SAIC ANJI SINCERITY” မော်တော်ယာဉ်တင်သင်္ဘောအား ယာဉ်အသစ်များတင်ဆောင်ရန် ဆိုက်ကပ်ထားသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar