Myanmar Digital News

မြန်မာအမျိုးသမီးလိဂ်နှင့် AYA SOMPO Insurance၊ AYA Myanmar Life Insurance တို့အကြား Official Insurance Partner အဖြစ် သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ကစားသမားများအား ကျန်းမာရေးအာမခံ အကာအကွယ်ပေးအပ်

ရန်ကုန်   နိုဝင်ဘာ   ၁၂

၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ   ကစားသမားများအတွက် AYA Health ကျန်းမာရေးအာမခံ အကာအကွယ်၊   Sports man Life အာမခံအကာအကွယ်ပေးအပ်ခြင်း၊    မြန်မာအမျိုးသမီးလိဂ်နှင့်  AYA SOMPO Insurance၊ AYA Myanmar Life Insurance တို့အကြား  Official   Insurance Partner အဖြစ် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု  သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို  နိုဝင်ဘာ ၁၁  ရက်က   မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်(MFF) အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အခမ်းအနားတွင်  မြန်မာလိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) မြန်မာလိဂ်အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်းက  အဖွင့်အမှာစကားပြောကြားပြီး     AYA   SOMPO Insurance   အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းသူက ကစားသမားများအတွက်  အာမခံအကာအကွယ်များ ပေးအပ်သွားမည့်အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာလိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) နှင့်    အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်း၊ Myanmar Women’s League Chief    Operating    Officer ဦးမိုးဝေအောင်၊   AYA    SOMPO Insurance အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းသူနှင့် Chief Operating Officer Mr. Hirokazu Mori တို့က မိတ်ဖက်   ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုအစီအစဉ်အရ ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ကလပ်အသင်း ၁၀ သင်းမှ  ကစားသမား   ၂၆၀   ကျော်အတွက် AYA SOMPO Insurance ၏   AYA   Health   ကျန်းမာရေးအာမခံမှ   တစ်ဦးလျှင်   ငွေကျပ်သိန်း   ၃၃၀  အထိ   ခံစားခွင့်ရရှိနိုင်သည့် ကျန်းမာရေးအာမခံ အကာအကွယ်များနှင့် AYA Myanmar Life Insurance ၏ Sportsman Life Insurance မှ တစ်ဦးချင်းလျှင်  ငွေကျပ်သိန်း ၁၀၀ အထိ ခံစားခွင့်ရရှိနိုင်သည့် အာမခံအကာအကွယ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MWL

မူရင်းသတင်း — Myanmar Digital News