ရန်ကုန် နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းက နီပေါနိုင်ငံတွင် ရေဘေးကြောင့် ထိခိုက်ခံစားရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့်အနေဖြင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Sanjeev Kumar Kafley နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr. Harishchandra Ghimire တို့က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက နီပေါနိုင်ငံတွင် ရေဘေးကြောင့် ထိခိုက်ခံစားရသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသောအလှူငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်