နေပြည်တော် နိုဝင်ဘာ ၁၂
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Hilton Hotel ၌ ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကိုလံဘိုမြို့ရှိ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်သည်။
အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ရိုးရာဆီမီးထွန်းညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေးဝန်ကြီး H.E. ဒေါက်တာ နာလင်ဒါ ဂျာယာတီဆာနှင့် ဘင်းမ်စတက်အထွေထွေအတွင်းရေးမှူးချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် ဘင်းမ်စတက်ဒေသတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ဒေသတွင်း ကျန်းမာရေးလုံခြုံမှုအတွက် အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်ရေး မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်မာသောယန္တရားတစ်ခု ပေါ်ပေါက်လာရေး ရည်ရွယ်ကျင်းပခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါမှရရှိသည့် အတွေ့အကြုံများ၊ အရေးပေါ် အခြေအနေပေါ်ပေါက်လာမှ တုံ့ပြန်ဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ခြင်းများကို အလေးပေးအကောင်အထည်ဖော်မည့် ဘင်းမ်စတက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၇-၂၀၃၀)ကိုလည်း ကြိုဆိုပါကြောင်း၊ လုပ်ငန်းအစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူ၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ပူးပေါင်းဆောင်ရွက်သည့် “One Health Approach” အခြေခံ၍ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာအသုံးပြု ရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်သတိပေးခြင်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည့် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ပိုးသတ်ဆေး ယဉ်ပါးမှုပြဿနာများကို ဦးစားပေးနယ်ပယ်များ အဖြစ် သတ်မှတ်ဆောင်ရွက်ရေး၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြားရေးစသည့် ကိစ္စရပ်များကို အတူတကွ ယခင်ကထက် ပိုမိုအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြားနှင့် ဒေသတွင်း နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အဆင့်မြှင့်တင်ရန်၊ အတွေ့အကြုံကောင်းများ ဖလှယ်ရန်အတွက် သီရိလင်္ကာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပညာဆိုင်ရာ၊ ထိုင်းနိုင်ငံတွင် အပူပိုင်းဒေသဆေးပညာရပ်ဆိုင်ရာနှင့် အိန္ဒိယနိုင်ငံတွင် တိုင်းရင်းဆေးပညာရပ် ဆိုင်ရာစင်တာများ (Centers of Excellence) တည်ထောင်မည့်အစီအစဉ်၌လည်း မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆင့်ဆင့်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ သီရိလင်္ကာသမ္မတနိုင်ငံ ဝန်ကြီးချုပ်အား သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ညပိုင်းတွင် အိမ်ရှင် သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့် ပြန်ကြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၀ ရက်တွင်လည်း ပထမအကြိမ် ဘင်းမ်စတက် ကျန်းမာရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်