ဘရပ်ဆဲလ် နိုဝင်ဘာ ၁၂
ဥရောပသမဂ္ဂ(EU) ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ဥရောပကော်မရှင်သည် အွန်လိုင်းသုံးစွဲသူများ၏ အခွင့်အရေးနှင့် အကာအကွယ်များ ပိုမိုခိုင်မာစေရန်အပြင် လက်ရှိဥပဒေများကို ဒီဂျစ်တယ်ခေတ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေသစ်တစ်ရပ်ကို အဆိုပြုခဲ့သည်။ ယမန်နေ့က တင်ပြခဲ့သည့် ယင်းဥပဒေမူကြမ်းကို Digital Fairness Act ဟု အမည်ပေးထားပြီး ဒီဂျစ်တယ်စာချုပ်များနှင့် အွန်လိုင်းစာရင်းသွင်းဝန်ဆောင်မှုများဆိုင်ရာ စည်းမျဉ်းသစ်များ ပါဝင်သည်။
ဥပဒေမူကြမ်းအရ အခမဲ့အစမ်းသုံးစွဲခွင့်ကာလ ကုန်ဆုံးတော့မည့် အချိန်နှင့် အလိုအလျောက်သက်တမ်းတိုးမည့် ဝန်ဆောင်မှုများအကြောင်းကို ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများအား ပိုမိုရှင်းလင်းစွာ ကြိုတင်အသိပေးရမည်ဖြစ်သည်။ ထို့ပြင် စားသုံးသူများ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးစေရန် လှည့်ဖြားသည့် ကြော်ငြာနည်းလမ်းများဖြစ်သော Dark Patterns များကိုလည်း တားမြစ်ရန် အဆိုပြုထားသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းလက်ကျန် အလွန်နည်းနေပြီဟု မဟုတ်မမှန်ဖော်ပြကာ အလျင်အမြန် ဝယ်ယူစေရန် ဖိအားပေးခြင်းမျိုးဖြစ်သည်။
ထို့ပြင် ကုန်ပစ္စည်းဈေးနှုန်းများကို အချိန်နှင့်အမျှ ပြောင်းလဲသတ်မှတ်သည့် Dynamic Pricing စနစ်တွင်လည်း ကုမ္ပဏီများအနေဖြင့် လက်ရှိဈေးနှုန်းနှင့် ဖြစ်ပေါ်လာနိုင်သည့် အမြင့်ဆုံးဈေးနှုန်းကို ပွင့်လင်းမြင်သာစွာ ဖော်ပြ ပေးရမည်ဖြစ်သည်။ အဆိုပါစည်းမျဉ်းများကို ချိုးဖောက်သည့် ကုမ္ပဏီများအား ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ နှစ်စဉ် ဝင်ငွေစုစုပေါင်း၏ ၆ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်နိုင်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ