
Rakuten Viber နှင့် အက်တမ်(ATOM) တို့သည် အသစ်ပြန်လည် အဆင့် မြှင့်တင်ထားသော Viber Data Packs များကို မိတ်ဆက်လိုက်ကြောင်း ကြေညာခဲ့ပြီး အက်တမ်(ATOM) သုံးစွဲသူများအတွက် ပိုမို အဆင်ပြေလွယ်ကူမှုရှိသော ဆက်သွယ်ချိတ်ဆက်မှုများကို ယူဆောင်လာပေးခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ အက်တမ်(ATOM) သုံးစွဲသူများအတွက် ရရှိနိုင်ပြီဖြစ်သော အဆိုပါ Data Packs များကို နေ့စဉ်သုံးစွဲသူများ၏ မတူကွဲပြားသော လူနေမှုပုံစံများ၊ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတဝန်းမှ အက်တမ်(ATOM) အသုံးပြုသူများအနေနှင့် Viber ၏ ကျယ်ပြန့်လှသော ဝန်ဆောင်မှုများကို အသုံးပြု၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုများ၊ သူငယ်ချင်းများနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်ပြောဆိုသွားနိုင်တော့မည် ဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Viber နှင့် အက်တမ်(ATOM) တို့သည် ၎င်းတို့၏ သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိသော ဆက်သွယ်ချိတ်ဆက်မှုများမှ တစ်ဆင့် ပိုမိုကောင်းမွန်သော နေ့စဉ် ဒစ်ဂျစ်တယ် အသုံးပြုမှု အတွေ့အကြုံများအား ဆက်လက်ပေးအပ် သွားနိုင်တော့မည် ဖြစ်သည်။
တိုးတက်ပြောင်းလဲလာသော ဆက်သွယ်ရေးလိုအပ်ချက်များနှင့်အညီ ထုတ်လုပ်ထားသည့် ATOM Viber Data Packs အသစ်များ သည် လုပ်ငန်းခွင်ဆိုင်ရာ စီမံကိန်းများကို ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်စေ၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ် ပြုလုပ်ရန်ဖြစ်စေ မတူကွဲပြားသော လူနေမှုဘဝပုံစံများနှင့် ကိုက်ညီမှုရှိစေရန် ပံ့ပိုးပေးနိုင်သွားမည် ဖြစ်သည်။ Viber ၏ ပြီးပြည့်စုံသော ဂေဟစနစ်နှင့် ChatGPT လုပ်ဆောင်ချက်များကို ချောမွေ့စွာ ချိတ်ဆက်အသုံးပြု နိုင်စေရန် ဆောင်ရွက်ပေးထားသည့် အတွက် အဆိုပါ Data Packs များသည် လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုလွယ်ကူမြန်ဆန်စေရန်နှင့် အဓိပ္ပာယ်ရှိသော ဆက်သွယ် ချိတ်ဆက်မှုများကို အဓိက ဦးစားပေး ဆောင်ရွက်နိုင်စေရန် ကူညီပံ့ပိုးပေးသွားနိုင်မည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေရဲ့ အမျိုးမျိုးသော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ChatGPT ရဲ့ AI လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်အောင် အထောက်အကူပြုတဲ့ လုပ်ဆောင်ချက် တွေ အစရှိသဖြင့် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင် ပေးအပ်လျက်ရှိပါတယ်၊၊ ဒါ့အပြင် ကိုယ်ရေးအချက်အလက် အကာအကွယ် နဲ့ လုံခြုံရေးစနစ်တွေ ကိုလည်း Viber အနေနဲ့ အမြဲမပြတ် အဓိကထား ဦးစားပေးဆောင်ရွက်နေပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။ “အခုလို အက်တမ်(ATOM) နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ၎င်းတို့ရဲ့ အသစ်ထွက်ရှိထားတဲ့ ဒေတာပက်ကေ့ချ်အသစ်တွေနဲ့ ပိုမိုပြည့်စုံတဲ့ ဒေတာအစီအစဉ်တွေကြောင့် သုံးစွဲသူတွေအနေနဲ့ ChatGPT အပါအဝင် Viber ရဲ့ စုံလင်လှတဲ့ လုပ်ဆောင်ချက်အားလုံးကို ပိုမိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်တော့မှာဖြစ်ပြီး Viber ကတဆင့် ဆက်သွယ်ပြောဆိုမှု အတွေ့အကြုံ တွေကိုလည်း သာလွန်ကောင်းမွန်တဲ့ အဆင့်သစ်တစ်ခုဆီ သို့ ပို့ဆောင်ပေးသွားတော့မှာ ဖြစ်ပါတယ်၊၊” ဟု ပြောသည်။
သုံးစွဲသူများအတွက် ပိုမိုတန်ဖိုးရှိသော အကျိုးခံစားခွင့်များကို ပေးအပ်နိုင်ရန် သတ်မှတ်ထားသော အပတ်စဉ် သို့မဟုတ် လစဉ် Data Packs များတွင် သုံးရက်တာ အကျုံးဝင်မည့် ATOM မှ ATOM သို့ ဖုန်းခေါ်ဆိုခြင်း ၊ စာတိုပေးပို့ခြင်းနှင့် Pay-As-You-Go ဒေတာအသုံးပြုခြင်း တို့အတွက် လိုက်လျောညီမျှသော ပြန်အမ်းငွေ (cashback) များကိုလည်း ထည့်သွင်းပေးထားသည်။ အဆိုပါ Data Packs များကို သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နေ့စဉ် (Daily) ၊ အပတ်စဉ် (Weekly) ၊ လစဉ် (Monthly) ဒေတာအစီအစဉ်များမှ မိမိတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်ရယူသုံးစွဲသွားနိုင်မည် ဖြစ်သည်။
Daily Pack (549 MMK): 200MB Viber ဒေတာ နှင့် ATOM မှ ATOM သို့ ဖုန်းခေါ်ဆိုရန် ၂၄ မိနစ်
Weekly Pack (1,299 MMK): 1,400MB Viber ဒေတာ နှင့်အတူ ၁၀၀% ပြန်အမ်းငွေ (ဒေတာ၊ ဖုန်းခေါ်ဆိုမှု သို့မဟုတ် SMS အတွက်)
Monthly Pack (4,999 MMK): 6,000MB Viber ဒေတာ နှင့်အတူ ၂၀၀% ပြန်အမ်းငွေ (ဒေတာ၊ ဖုန်းခေါ်ဆိုမှု သို့မဟုတ် SMS အတွက်)
ယခုအသစ်ထွက်ရှိလာသော Data Packs များကို ATOM Store App မှတစ်ဆင့် သို့မဟုတ်၊ USSD နံပါတ် *7599# ကို ခေါ်ဆို၍ လွယ်ကူလျင်မြန်စွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။
“အက်တမ်(ATOM) အနေနဲ့ ပိုမိုအသုံးပြုရလွယ်ကူပြီး အဆင်ပြေချောမွေ့စေမယ့် အမြင့်မားဆုံး ဒစ်ဂျစ်တယ် ဆက်သွယ်ချိတ်ဆက်မှု တွေကို သုံးစွဲသူတွေထံပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အဆိုပါရည်ရွယ်ချက်နဲ့အညီ အခုလို Rakuten Viber နဲ့ ပူးပေါင်းဆောင်ရွက်မှု ကနေတစ်ဆင့် မတူညီတဲ့ လူနေမှုဘဝတွေအတွက် ဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် Data Packages တွေကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို ၎င်းတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုပြီး လွယ်လွယ်ကူကူ ဆက်သွယ်ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ တဲ့အပြင် အက်တမ်(ATOM) အနေနဲ့ မြန်မာနိုင်ငံရဲ့ ပိုမိုများပြားလာတဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လိုလားချက်တွေကို အကောင်းဆုံး နေ့စဉ်သုံး ဒစ်ဂျစ်တယ် အသုံးပြုမှုအတွေ့အကြုံတွေနဲ့အတူ ဆက်လက်အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏ Chief Executive Officer ဖြစ်သူ Ahmad Abdallah က ပြောသည်။အနှစ်ချုပ်အနေနှင့် အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် နေ့စဉ်ဒစ်ဂျစ်တယ် ချိတ်ဆက်မှု များကို ပိုမိုလက်လှမ်းမှီ အသုံးပြုစေနိုင်ရန်နှင့် ပိုမိုအဓိပ္ပာယ်ရှိသော အကျိုးခံစားခွင့်များကို ရရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ Rakuten Viber သည် သုံးစွဲသူများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုလွယ်ကူ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည့် ဆန်းသစ်တီထွင်သော နည်းလမ်းများကို အစဉ်တစိုက် ရှာဖွေဖော်ထုတ်လျက်ရှိသည့်အပြင် လာမည့်နှစ်များ တွင်လည်း မြန်မာနိုင်ငံတစ်ဝန်း အပြုသဘော ဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေမည့် လုပ်ဆောင်ချက်များကိုလည်း ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်သည်။
NZ (ရိုးရာလေး)