NP News

ရွှေဟင်္သာအိမ်ရာစီမံကိန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ရွှေဟင်္သာအိမ်ရာစီမံကိန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောကြားခဲ့သည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာတွင် ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) က ရွှေဟင်္သာအိမ်ရာစီမံကိန်းတည်ဆောက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်ရာစီမံကိန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဟင်္သာအိမ်ရာစီမံကိန်းသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ ကော့မုပွန်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့်အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News