
စော (NP News) - နိုဝင်ဘာ ၁၃
(၇)လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ (၃၈၀)သန်း ကျော်ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
(၂၀၂၆-၂၀၂၇)ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၃၄၁၁၉)တန်ကို ကုမ္ပဏီ (၄၅)ခုမှ တင်ပို့ခဲ့နိုင်ရာ ဒေါ်လာ (၄၉)မီလျံ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တင်ပို့မှုအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် (၆၃၄၂၇) ဖြင့် အများဆုံးဖြစ်ပြီး ဘယ်လ်ဂျီယံ၊ တရုတ်၊ ပိုလန်၊ စပိန်၊ ချက်၊ နယ်သာလန်၊ အမေရိကန်၊ ပါပူအာနယူးဂီနီ နှင့် ခရိုအေးရှားတို့အပြင် အခြား(၁၃)နိုင်ငံကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၁၂၃,၃၈၅) တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လဖြစ်သည့် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၁၀,၇၃၄) တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
(၂၀၂၆)ခုနှစ်၊ ဧပြီလမှ အောက်တိုဘာအထိ ဆန်နှင့် ဆန်ကွဲ ပြည်ပသို့ (၁,၁၀၅,၇၈၁) တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ် လာ (၃၈၈) မီလျံရရှိခဲ့ကြောင်း သိရသည်။
