Myanmar National Post

အိန္ဒိယက မြေရှားသတ္တုတွေပါတဲ့ စွန်ပစ်ပစ္စည်းတွေကို နိုင်ငံခြား ထုတ်ခွင့်မပေးတော့


နိုဝင်ဘာ - ၁၃ ( သောကြာနေ့ ) 

အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ ပြန်လည်သန့်စင်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ကုန်ကြမ်းလုံလောက်စွာ ရရှိစေဖို့နဲ့ အရေးပါတဲ့ သတ္တုပစ္စည်းတွေ ပြည်ပကနေ တင်သွင်းနေရမှုကို လျှော့ချနိုင်ဖို့အတွက် လီသီယမ်-အိုင်းယွန်း ဘက်ထရီတွေပါတဲ့ စွန့်ပစ်ပစ္စည်းတွေ နိုင်ငံခြားအား တင်ပို့နေမှုကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ကစပြီး အသက်ဝင်ခဲ့တဲ့ ဒီကန့်သတ်ချက်မှာ စွန့်ပစ်ထားတဲ့ ဘက်ထရီတွေနဲ့ ကုန်ထုတ်လုပ်ရေး အမှိုက်တွေကနေ ရရှိလာတဲ့ အမှုန့်ဖြစ်တဲ့ လီသီယမ်-အိုင်းယွန်း ဘက်ထရီ အမှုန့်တွေလည်း ပါဝင်ပါတယ်။ အဲဒီအမှုန့်မှာ လျှပ်စစ်ကားတွေ ၊ ဘက်ထရီထုတ်လုပ်ရေးနဲ့ စွမ်းအင်သိုလှောင်ရေးတွေမှာ အသုံးပြုတဲ့ လီသီယမ်၊ ကိုဘော့၊ နီကယ်နဲ့ မန်းဂနိစ်တို့ ပြန်လည်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ လျှပ်စစ်ကား ကူးပြောင်းရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြည်တွင်း ဘက်ထရီ ထုတ်လုပ်ရေးနဲ့ ပြန်လည်သန့်စင်ရေး လုပ်ငန်းတွေကို မြှင့်တင်နေပေမဲ့ ဘက်ထရီ ပစ္စည်းတွေအတွက် ပြည်ပတင်သွင်းမှုကို အဓိက မှီခိုနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ လီသီယမ် လိုအပ်ချက်အားလုံးကို ပြည်ပကနေပဲ တင်သွင်းနေရတာ ဖြစ်ပါတယ်။ နယူးဒေလီမြို့အနေနဲ့ ၂၀၃၀ ပြည့်နှစ် ရောက်တဲ့အခါ ကားအသစ် အရောင်းရဆုံးစာရင်းရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ နှစ်ဘီးတပ်၊ သုံးဘီးတပ် ယာဉ်အသစ် အရောင်းရဆုံးစာရင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဘက်ထရီ ပြန်လည်သန့်စင်တဲ့ လုပ်ငန်းတွေ ကျယ်ပြန့်လာပေမဲ့ ကုန်ကြမ်း မလုံလောက်မှုကြောင့် အချို့စက်ရုံတွေဟာ ထုတ်လုပ်နိုင်စွမ်းရဲ့ အောက်ဘက်မှာသာ လည်ပတ်နေကြရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ ထွက်ရှိလာတဲ့ ဘက်ထရီအမှုန်တွေကို ပြည်ပကို တင်ပို့နေရချိန်မှာ ပြည်တွင်းက ပြန်လည်သန့်စင်တဲ့ စက်ရုံအချို့ကတော့ ဘက်ထရီစွန့်ပစ်ပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းနေရတယ်လို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဲဒီတင်ပို့မှု အများစုဟာ ကျယ်ပြန့်တဲ့ ဘက်ထရီ ပြန်လည်သန့်စင်ရေးနဲ့ ထုတ်လုပ်ရေး စက်ရုံတွေရှိတဲ့ တရုတ်နိုင်ငံကို ရောက်ရှိသွားတယ်လို့ နယူးဒေလီအခြေစိုက် လူမှုရေးနဲ့ စီးပွားရေး တိုးတက်မှုဆိုင်ရာ တွေးခေါ်ပညာရှင်အဖွဲ့ ရဲ့ သုတေသီ ရှာမာစီ ဒါ့စ်  က Indian Express သတင်းစာကို ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar



မူရင်းသတင်း — Myanmar National Post