Xinhua Myanmar

(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းမှုကို နည်းပညာက အသွင်သစ်ပြောင်းလဲပေး

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ အပိုင်း-၃၈ ၌ ပါဝင်ဆွေးနွေးသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဆောင်းဦးရာသီ ကောက်ပဲသီးနှံရိတ်သိမ်းချိန်မှာ သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့ပြီး နိုဝင်ဘာလဆန်းပိုင်းအထိ ကောက်ပဲသီးနှံ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးစီးခဲ့ကာ တစ်နှစ်တာလုံးအတွက် ထွက်ရှိမှုပမာဏစုစုပေါင်းမှာ သုံးနှစ်ဆက်တိုက် တန်ချိန် သန်း ၇၀၀ ကျော်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့်အပိုင်း၌ ပါဝင်ဆွေးနွေးသူများက နည်းပညာသည် တရုတ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုပမာဏကိုသာမက စိုက်ပျိုးထုတ်လုပ်ပုံ နည်းစနစ်ကိုပါ မည်သို့ပြောင်းလဲပေးနေသည်နှင့် စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ရာတွင် အထက်ပါအတိုင်း သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် ကောက်ပဲသီးနှံရိတ်သိမ်းမှု

"တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်းဦးရာသီ ကောက်ပဲသီးနှံ ထုတ်လုပ်မှုဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ယေဘုယျအားဖြင့် အတော်အတန် အခြေအနေကောင်းမွန်နေသလို သီးနှံအထွက်နှုန်းကောင်းမွန်ရေး အခြေခံအုတ်မြစ်ကလည်း ခိုင်မာပါတယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ကျေးလက်စီးပွားရေး သုတေသနစင်တာ ညွှန်ကြားရေးမှူး ကျော်ချန်ပေါင် က ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ ပြောင်းလဲလာပြီဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ စိုက်ပျိုးရေးဌာနများအနေဖြင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားပြီးမှ တုံ့ပြန်ဆောင်ရွက်ခြင်းထက် ရာသီဥတုအခြေအနေပေါ်မူတည်၍ ကြိုတင်စီမံဆောင်ရွက်နိုင်ခဲ့သလို စိုက်ခင်းစီမံခန့်ခွဲမှု ခိုင်မာအားကောင်းရေးနှင့် သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေး ရက် ၁၀၀ စီမံချက် ဖော်ဆောင်ခြင်းနှင့် မိုးလေဝသ၊ ရေအရင်းအမြစ်၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု အာဏာပိုင်များနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

နည်းပညာသည် လုပ်ငန်းတာဝန် အများအပြားကို ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း အဆင့်မြှင့်တင်ထားသော စိုက်ပျိုးမြေများ၊ မျိုးစေ့များ၊ စက်ယန္တရားများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ပေါင်းစပ်အသုံးချခြင်းအပြင် သင့်တင့်မျှတစွာ အပင်နေရာစိပ်စိပ် စိုက်ပျိုးခြင်း၊ တိကျသေချာစွာ မျိုးစေ့ချခြင်းနှင့် ရေနှင့်မြေဩဇာ ပေါင်းစပ်ဖြည့်တင်းပေးသည့်စနစ် စသည့် နည်းပညာများဖြင့်လည်း တစ်ယူနစ်စီအလိုက် အထွက်နှုန်းမြှင့်တင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ အများဆုံးထုတ်လုပ်ရာ ဒေသဖြစ်သည့် နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်သည် ကောက်ပဲသီးနှံထွက်ရှိမှု ပမာဏကို တန်ချိန် သန်း ၈၀ အထက်တွင် နှစ်နှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း စံချိန်တင် အထွက်နှုန်းတိုးလာမည်ဟု မျှော်မှန်းထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ကျူးဟွာစိန်း က ပြောကြားခဲ့သည်။

အဆိုပါ ပြည်နယ်သည် စံနှုန်းမြင့် စိုက်ပျိုးမြေ မူ (mu) ၁၂၅ သန်း (ဟက်တာ ၈.၃ သန်းခန့်) ဖော်ထုတ်နိုင်ခဲ့ပြီး အဆင့်မြှင့်ထားသည့် မျိုးကောင်းမျိုးသန့်များကို အပြည့်အဝနီးပါး ဖြန့်ကြက်အသုံးပြုနိုင်ခဲ့ကာ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းနှင့် ရိတ်သိမ်းခြင်းတို့တွင် စက်ယန္တရားအသုံးပြုနိုင်မှုနှုန်း ၉၉.၃၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည့်အပြင် စိုက်ပျိုးရေးလုပ်ငန်း ပုံစံသစ်ပေါင်း ၈၈,၀၀၀ ကလည်း အဆိုပါ ကြိုးပမ်းမှုများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ ပူးပေါင်းပါဝင်လာစေရန် ဆွဲဆောင်လျက်ရှိသည်။

ထို့အတူ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် တုန်းကျောင်း ကျေးရွာမှ ရွာသူရွာသားများသည် ယခင်က ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသော်လည်း ယခုအခါ ရေကန်များနှင့် တာတမံများကြောင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခဲ့သလို အပူဒဏ်ခံနိုင်ပြီး ပင်စည်ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိသည့် စပါးမျိုးသစ်ကြောင့် ယခုနှစ်အတွင်း စိုက်ပျိုးမြေတစ်ဟက်တာလျှင် ၁၃.၅ တန်ကျော်အထိ အထွက်နှုန်းရှိခဲ့ကြောင်း အဆိုပါကျေးရွာ၏ ပါတီအတွင်းရေးမှူး ဟူအိုက်ကော က ဆိုသည်။

စက်ယန္တရားအသုံးပြုခြင်းနှင့် အထူးဝန်ဆောင်မှု လုပ်ငန်းများကလည်း လေလွင့်ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုနှစ် ဆောင်းဦးရာသီ ကောက်ပဲသီးနှံ ရိတ်သိမ်းရေးအတွက် လယ်ယာသုံးစက်ပစ္စည်း ၁၉,၀၀၀ ကျော်နှင့် ဝန်ဆောင်မှုပေးသည့်အဖွဲ့ ၁,၇၁၀ တို့ကို ဖြန့်ကြက်အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261112/4b1ffb86270047c98bafd079e54d9303/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် တုန်းယွမ် ခရိုင် လျိုချိန်မြို့နယ်ရှိ ဉာဏ်ရည်တုနည်းပညာသုံး စိုက်ခင်းတစ်ခု၌ အပင်ထိန်းသိမ်းကာကွယ်ရေး ဒရုန်းများဖြင့် ပိုးသတ်ဆေးဖျန်းနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

(China Economic Roundtable) Xinhua Headlines: Technology reshapes China's agricultural modernization

BEIJING, Nov. 12 (Xinhua) -- China's autumn grain harvest has withstood the test of disasters this year, with more than 90 percent of the crop gathered by early November and full-year output expected to exceed 700 million tonnes for a third consecutive year.

That was the assessment delivered on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, where guests discussed how technology is changing not just how much China farms, but how it farms.

HARVESTS WITHSTANDING DISASTERS

"Nationwide, autumn grain production has withstood the test of disasters, the overall situation is fairly good, and the foundation for a good harvest is solid," said Zhao Changbao, director of the Rural Economy Research Center of the Ministry of Agriculture and Rural Affairs.

The approach to disasters has shifted, he noted. Rather than responding after damage occurs, agricultural departments moved work ahead of the weather, organizing a 100-day campaign to strengthen field management and combat disasters, and holding regular consultations with meteorological, water resources and emergency management authorities.

Technology has carried more of the load. Recent years have seen sustained efforts to raise per-unit yields through integrating improved farmland, seed, machinery and methods, with techniques such as rational close planting, precision sowing and integrated water-fertilizer irrigation.

Northeast China's Heilongjiang Province, the country's largest grain producer, has maintained output above 80 million tonnes for two successive years and expects a record harvest this year, said Zhu Huasheng, deputy director of the province's agriculture department.

This province has developed 125 million mu (about 8.3 million hectares) of high-standard farmland, achieved near-full coverage of improved seed, and reached a mechanization rate of 99.34 percent for ploughing, sowing and harvesting, with 88,000 new types of agricultural business entities bringing smallholders into the effort.

In Dongjiao Village, in the central Chinese province of Hubei, meanwhile, where villagers once suffered from acute drought, ponds and embankments have improved water management efforts, while a heat-tolerant, lodging-resistant rice variety yielded more than 13.5 tonnes per hectare this year, said Hu Aiguo, Party secretary of the village.

Mechanization and specialized services have also helped cut losses. In north China's Inner Mongolia Autonomous Region, more than 19,000 farm machines and 1,710 service providers were deployed for the autumn harvest this year.

https://english.news.cn/20261112/4b1ffb86270047c98bafd079e54d9303/c.html

Photo caption 1: Guests communicate at the 38th episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Sun Ruibo)

Photo caption 2: Plant protection drones carry out spraying operation on an intelligent farm in Liucheng Town of Dongyuan County, south China's Guangdong Province, Oct. 30, 2026. (Xinhua/Deng Hua)

မူရင်းသတင်း — Xinhua Myanmar