နိုဝင်ဘာ ၁၃
ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်-ဘောလ်တစ်စတန်ဒေသရှိ ခရီးသည်တင်ဗင်ကားတစ်စီး မြစ်ထဲသို့ ထိုးကျသွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂီလ်ဂစ်မြို့မှ ဂီဇာခရိုင်သို့ ယမန်နေ့ညနေပိုင်းက ဗင်ကားမောင်းနှင်လာစဉ် ယာဉ်မောင်းသည် ယာဉ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် မြစ်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၁၁ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးကုသမှုခံယူရန် အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
ထိုမတော်တဆမှု၏ အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို