
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ အပြောင်းအလဲများကြား၌ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်သည် ၂၁ ရာစုအတွင်း စီးပွားရေးလုပ်ငန်းများ မည်သို့မည်ပုံကုန်သွယ်ပုံ၊ ကြီးထွားပုံ၊ ရင်းနှီးမြှုပ်နှံပုံနှင့်ထုတ်လုပ်ပုံတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် အဓိကနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆယ်လိုအီဘရက် က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုသမ္မတ Claudia Sheinbaum ၏နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ အီဘရက်က မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၀ ခု မြောက် ပို့ကုန်အများဆုံးတင်ပို့သည့်နိုင်ငံနှင့် ၁၃ ခုမြောက်အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေကြောင်းမှတ်ချက်ပြုလျက် အဆိုပါဖိုရမ်တွင် မက္ကဆီကို ပါဝင်တက်ရောက်ခြင်း၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။
မက္ကဆီကိုနိုင်ငံကို ၂၀၂၈ ခုနှစ် APEC ဖိုရမ် အိမ်ရှင်နိုင်ငံအဖြစ် တညီတညွတ်တည်းရွေးချယ်ခဲ့ခြင်းသည် မက္ကဆီကိုနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို ထင်ဟပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သမ္မတ Sheinbaum သည် တရုတ်နိုင်ငံ ဆန်းကျန့်မြို့သို့ သွားရောက်ပြီး ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော ပြိုင်ဆိုင်မှုများနှင့် ကုန်သွယ်ရေးမူဝါဒဆိုင်ရာကွဲပြားမှုများ ရှိနေသော်လည်း တင်းမာမှုများလျှော့ချရန်၊ သဘောတူညီချက်များရရှိရန်နှင့် အတူတကွသာယာဝပြောရေးဆီသို့ ဦးတည်လျှောက်လှမ်းရန် နည်းလမ်းများရှာဖွေရေးသည် ယင်းတွေ့ဆုံပွဲ၏ရည်ရွယ်ချက်ဖြစ်ကြောင်း အီဘရက်က ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ဒေသရှိ စီးပွားရေးအဖွဲ့ဝင် ၂၁ ခု စုစည်းပါဝင်သော APEC အဖွဲ့ကြီးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန်နှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်းသိရသည်။ (Xinhua)
…………….
(English Version)
Mexico spotlights APEC's key role amid shifts in global economy, trade
MEXICO CITY, Nov. 12 (Xinhua) -- Amid changes in the global economy and trade, the Asia-Pacific Economic Cooperation (APEC) forum serves as a key venue for dialogue and coordination on how economies trade, grow, invest and produce in the 21st century, Mexican Economy Secretary Marcelo Ebrard said Thursday.
Speaking at Mexican President Claudia Sheinbaum's daily press conference, Ebrard underscored the importance of Mexico participating in the forum, noting that the country ranks as the world's 10th-leading exporter and 13th-largest economy.
Mexico was unanimously selected to host the forum in 2028, which reflects the broad international recognition given to the country, he said.
From Nov. 17 to 19, Sheinbaum will be in the Chinese city of Shenzhen to attend the 33rd APEC Economic Leaders' Meeting.
The gathering aims to identify ways to reduce tensions, reach agreements, and move toward shared prosperity, despite existing rivalries and differences in trade policies, said Ebrard.
APEC gathers 21 economies from the Asia-Pacific region with the goal of facilitating trade and investment, and promoting regional economic integration.
Photo caption: This photo taken on Nov. 11, 2026 shows an exterior view of the media center for the 2026 APEC Economic Leaders' Week in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)