
တိုကျို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ ချီဘာစီရင်စုတွင် ပြင်းထန်သော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအား အတည်ပြုလိုက်ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့ရာ ယင်းမှာ ဂျပန်နိုင်ငံအတွင်း ယခုရာသီအတွက် ဒုတိယမြောက် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ဖြစ်လာခဲ့သည်။
ချီဘာစီရင်စု အာဆာဟိမြို့ရှိ ဥစားကြက် အကောင်ရေ ၄၀,၀၀၀ ခန့် မွေးမြူထားသည့် မွေးမြူရေးခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း မျိုးရိုးဗီဇ စစ်ဆေးမှုများမှတစ်ဆင့် အတည်ပြုခဲ့သည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရောဂါပျံ့နှံ့မှုကို ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါမွေးမြူရေးခြံရှိ ကြက်များကို သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း ဒေသခံစိုက်ပျိုးရေးဆိုင်ရာ အာဏာပိုင်များက ထိုနေ့မှာပင် ကြေညာခဲ့သည်။
ဂျပန်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့် ကာလမှာ ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှ နောက်တစ်နှစ် နွေဦးရာသီအထိ ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်ကလည်း ကျိုတိုစီရင်စု ကာမီအိုကာမြို့တွင် ယခုရာသီအတွက် ပထမဆုံးသော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Japan confirms 2nd bird flu outbreak of the season
TOKYO, Nov. 13 (Xinhua) -- Japan's agriculture ministry said Friday that a highly pathogenic avian influenza outbreak had been confirmed in Chiba Prefecture, near Tokyo, marking the country's second bird flu outbreak this season.
According to a press release issued by the Ministry of Agriculture, Forestry and Fisheries, genetic testing confirmed the outbreak at a poultry farm in Asahi, Chiba Prefecture, which raises approximately 40,000 egg-laying hens.
Local agricultural authorities announced the same day that they would cull the poultry at the farm as part of measures to prevent the spread of the disease.
Japan's avian influenza season typically runs from autumn through the following spring. On Thursday, the country's first bird flu outbreak of the season was confirmed in Kameoka, Kyoto Prefecture. ■
Photo caption 1: Packaged chicken are pictured at a supermarket in Tokyo, Japan, Nov. 27, 2023. (Xinhua/Zhang Xiaoyu)
Photo caption 2: Staff workers perform a disinfecting operation in Kasama, Ibaraki prefecture, Japan, Nov. 27, 2023. (Xinhua)