
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို ကြီးမှူးကျင်းပကာ မှတ်ချက်ပြုမိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါအစည်းအဝေးကို “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
APEC စီးပွားရေးလုပ်ငန်းရှင် အမှုဆောင်အရာရှိချုပ်များ ထိပ်သီးအစည်းအဝေး ကိုလည်း “အတူတကွသာယာဝပြောရေးနှင့် ဘုံအနာဂတ်ကို အတူတကွ ဖော်ဆောင်ကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ဆန်းကျန့်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပါထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အရေးကြီးမိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်လာကြမည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သလို အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် နိုင်ငံခြားခေါင်းဆောင်များနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Xi to attend APEC Economic Leaders' Meeting, related events in Shenzhen
BEIJING, Nov. 13 (Xinhua) -- Chinese President Xi Jinping will chair the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting and deliver remarks, a Chinese foreign ministry spokesperson announced Friday.
The meeting will be held in Shenzhen from Nov. 18 to 19 under the theme "Building an Asia-Pacific Community to Prosper Together," the spokesperson said.
The APEC CEO Summit will be held in Shenzhen from Nov. 17 to 18 under the theme "To Prosper and Win the Future Together," the spokesperson said, adding that President Xi will attend the opening ceremony and deliver a keynote speech.
President Xi will hold a welcome banquet for participating leaders and representatives, and hold bilateral meetings with foreign leaders on the sidelines of the meeting, the spokesperson added.
Photo caption: This photo taken on Nov. 11, 2026 shows an interior view of the media center for the 2026 APEC Economic Leaders' Week in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)