Xinhua Myanmar

ပါကစ္စတန်နိုင်ငံ သမ္မတက ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari သည် မကြာသေးမီက ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ဆင်ဟွာသတင်းဌာနက ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ခြင်းကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

ဂုဏ်ပြုသဝဏ်လွှာတွင် Asif Ali Zardari က ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အခါသမယတွင် ဆင်ဟွာသတင်းဌာနထံသို့ အလှိုက်လှဲဆုံး ဂုဏ်ပြုစကား အထူးပြောကြားအပ်ပါကြောင်း၊ ဆယ်စုနှစ်ချီကာလအတွင်း ဆင်ဟွာသတင်းဌာနသည် မိမိကိုယ်ကိုယ် ထိပ်တန်းနိုင်ငံတကာ သတင်းအဖွဲ့အစည်းအဖြစ် တည်ထောင်နိုင်ခဲ့ပြီး  စာနယ်ဇင်းလုပ်ငန်းတွင် နိုင်ငံအသီးသီးနှင့် ၎င်းတို့၏ပြည်သူများအကြား အပြန်အလှန်နားလည်မှုတိုးပွားရေးအတွက် အရေးပါသောအကျိုးကိုထမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာန၏ အစဉ်တစိုက် ကျွမ်းကျင်သော၊ ပညာရှင်ဆန်သောသတင်းတင်ဆက်မှုဖြင့်  ကမ္ဘာ့ဒေသအသီးသီးမှ ဖြစ်စဉ်များတိုးတက်ဖြစ်ပေါ်မှုနှင့် အမြင်များကို ပရိသတ်များအပြည့်အဝနားလည်သိရှိရန် အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာနသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်နားလည်မှုတိုးပွား၍ ဆက်ဆံရေးများ ပိုမိုနီးစပ်ခိုင်မာလာစေရန် အဖိုးတန်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သတင်းတင်ဆက်မှုနှင့် ဖလှယ်မှုမှတစ်ဆင့် ဆင်ဟွာသတင်းဌာနသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ကူညီပေးလျက်ရှိကြောင်း၊ ပါကစ္စတန်-တရုတ် ဆက်ဆံရေး ကဏ္ဍစုံတွင် စဉ်ဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ ဆင်ဟွာသတင်းဌာနသည် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ဖလှယ်မှု မြှင့်တင်ရန် အထူးသဖြင့် အပြန်အလှန်  ကိုယ်စီ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် ဘာသာစကားအပေါ် ထဲထဲဝင်ဝင် သိရှိနားလည်လာကြရန် တွန်းအားပေးရန်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း Asif Ali Zardari က ဆိုခဲ့သည်။

မှားယွင်းသော၊ အတုအယောင် သတင်းအချက်အလက်များ လျင်မြန်စွာ ဖြန့်ချိနေသည့် လက်ရှိအခြေအနေတွင် ကျွမ်းကျင်သည့်ပညာရှင် သတင်းအဖွဲ့အစည်းများသည် တိကျ၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖော်ပြရာတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ကျွမ်းကျင်ပညာရှင်ကျင့်ဝတ်နှင့်အညီ ကျိုးကြောင်းဆီလျော်၍ဓမ္မဓိဋ္ဌာန်ကျသည့် အများပြည်သူဆွေးနွေးခန်းများ ထပ်တိုး၍ထုတ်လွှင့်ကာ နိုင်ငံအသီးသီးမှ ပြည်သူများအကြား အပြန်အလှန်နားလည်မှုကိုမြှင့်တင်ရန် ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း Asif Ali Zardari က အလေးထား ပြောကြားခဲ့သည်။

Asif Ali Zardari က ၎င်းအနေဖြင့် ဆင်ဟွာသတင်းဌာနသည် နိုင်ငံများအကြား ဆက်သွယ်မှုနှင့် ချိတ်ဆက်ဖလှယ်မှုများ ခိုင်မာစေရေး အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်ကာ ပါကစ္စတန်-တရုတ် နှစ်နိုင်ငံအကြား အချိန်နှင့်အမျှ ခိုင်မြဲသော ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရေးအတွက် ပါဝင်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

巴基斯坦总统就新华通讯社成立95周年致贺信

新华社北京11月12日电 巴基斯坦总统阿西夫·扎尔达里日前就新华通讯社成立95周年致贺信,并祝贺新华社成功举办第七届世界媒体峰会。

扎尔达里在贺信中说,在新华社成立95周年之际,特向新华社致以最热烈的祝贺。数十年来,新华社已确立其作为领先的国际新闻机构的地位,为新闻事业以及增进各国和各国人民之间的相互理解作出重要贡献。新华社持久、专业的新闻报道帮助受众充分了解世界各地的事态发展及观点。

扎尔达里说,新华社在增进两国人民相互理解、拉紧两国纽带方面发挥宝贵作用。通过新闻报道及交流,新华社帮助巴中两国受众更深入了解彼此。随着巴中关系在多领域持续深化,希望新华社进一步为促进两国人文交流作出贡献,特别是推动双方对各自历史、文化、传统和语言的深入理解。

扎尔达里强调,在错误和虚假信息迅速传播的当下,专业新闻机构在提供准确、及时和可靠信息方面发挥着重要作用。相信新华社将继续秉持专业精神,为促进理性客观的公众讨论和增进各国人民之间相互理解作出贡献。

扎尔达里表示,他深信新华社将继续为加强各国间沟通交流、深化巴中两国历久弥坚的传统友谊发挥建设性作用。

မူရင်းသတင်း — Xinhua Myanmar