
ဘန်ကောက်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမှ ထွက်ခွာကာ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်ခဲ့သည်။
လီချန်သည် အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် စသည့်ပုဂ္ဂိုလ်များသည် လေဆိပ်သို့ လာရောက်၍ ဝန်ကြီးချုပ် လီချန် ခရီးစဉ် လာရောက်မှုကို ကြိုဆိုခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ့ လည်း လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့သည်။
လီချန်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ပထဝီအနေအထား နီးကပ်ပြီး ယဉ်ကျေးမှု ဆက်စပ်မှု ရှိကာ ချစ်ကြည်ရေးသည် ရှည်ကြာသော သမိုင်းရှိသည်ဟု ပြောကြားခဲ့သည်။ ယမန်နှစ်တွင် တရုတ်နှင့် ထိုင်းတို့သည် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့် နှင့် “တရုတ်–ထိုင်း ချစ်ကြည်ရေး ရွှေရောင်နှစ် ၅၀” ကို အတူတကွ ခမ်းနားစွာ ဂုဏ်ပြုကျင်းပခဲ့ကြကြောင်း၊ ဘုရင် မဟာဝဇီရာလောင်ကွန်းသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ် လာရောက်ခဲ့ကာ သမ္မတ ရှီကျင့်ဖိန်နှင့် ဘုရင် မဟာဝဇီရာလောင်ကွန်းတို့အတူ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို သမိုင်းဝင် စမှတ်အသစ်ဆီသို့ တွန်းအားပေးခဲ့ကြောင်း၊ ယခုခရီးစဉ်အတွင်း ထိုင်းနိုင်ငံခေါင်းဆောင်များနှင့်အတူ တရုတ်-ထိုင်း ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးရန်၊ တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ခိုင်မာစေနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
...................
(Chinese Version)
李强抵达曼谷开始对泰国进行正式访问
新华社曼谷11月13日电(记者伍岳 刘杨)11月13日上午,应泰国总理阿努廷邀请,国务院总理李强乘包机离开北京,对泰国进行正式访问。
当地时间11月13日下午,李强乘包机抵达曼谷素万纳普国际机场。泰国总理阿努廷等到机场欢迎李强总理到访。中国驻泰国大使张建卫也到机场迎接。
李强表示,中泰地缘相近、文化相通,友谊源远流长。去年,中泰共同隆重庆祝建交50周年暨“中泰友谊金色50年”,哇集拉隆功国王对华进行国事访问,习近平主席同哇集拉隆功国王举行会晤,推动双边关系站上新的历史起点。我期待此访期间同泰方领导人就深化中泰全面战略合作深入交换意见,推动中泰命运共同体建设不断走深走实。(完)