
ဂျီနီဗာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်သည် ပေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၇ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပွဲအချိန်ဇယားကို နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီး မီတာ ၁၀၀ ဗိုလ်လုပွဲကျင်းပမည့် ရက်အပြင် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသားနှင့် အမျိုးသမီး ၄x၁၀၀ မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ကျင်းပမည့်ရက်ကိုလည်း အတည်ပြုဖော်ပြထားသည်။
အမျိုးသားမီတာ ၁၀၀ ဗိုလ်လုပွဲကို ပြိုင်ပွဲ၏ ဒုတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးဗိုလ်လုပွဲကိုမူ စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
ဤချန်ပီယံရှစ်ပြိုင်ပွဲသည် ပေကျင်းမြို့၌ ဒုတိယအကြိမ်မြောက် လက်ခံကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ပေကျင်းမြို့သည် ၂၀၁၅ ခုနှစ်ကလည်း ဤပြိုင်ပွဲကို လက်ခံကျင်းပခဲ့ဖူးသည်။
ဆုတံဆိပ်ချီးမြှင့်မည့် ပြိုင်ပွဲအမျိုးအစား ၅၀ ပါဝင်ပြီး ၁၀ ရက်ကြာကျင်းပမည့် ဤချန်ပီယံရှစ်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ ငှက်သိုက်ကွင်းဟု နာမည်ကြီးသည့် ပေကျင်းမြို့ရှိ အမျိုးသားအားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲအချိန်ဇယားကို မီတာ၁၀၀ ၊ မီတာ ၂၀၀ ၊ မီတာ ၅,၀၀၀ နှင့် မီတာ၁၀,၀၀၀ ၊ အလျားခုန်နှင့် သုံးဆင့်ခုန်စသည့် ပြိုင်ပွဲအမျိုးအစားအများအပြားကို ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် အဆင်ပြေစေရန် ရေးဆွဲထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြိုင်ပွဲအစီအစဉ်တစ်ခုတည်းအတွင်း တစ်ဦးချင်းယှဉ်ပြိုင်ရသည့် ပွဲစဉ်တစ်ပွဲထက်ပို၍ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမျိုး မဖြစ်စေရန် ဆောင်ရွက်ပေးထားသည်။
"ပြိုင်ပွဲကျင်းပဖို့ ၁ နှစ်တောင် မလိုတော့တဲ့အချိန်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အမြင့်ဆုံးဖြစ်နေချိန်မှာ အခုလို ပွဲစဉ်အချိန်ဇယားကို ထုတ်ပြန်လိုက်ခြင်းတာဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုပါပဲ " ဟု ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘက်စတီယန်ကိုးက ပြောကြားသွားသည်။
"အားကစားကွင်းအတွင်း လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေနဲ့ နေအိမ်က ကြည့်ရှုမယ့် ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာပွဲစဥ်တွေ ကြည့်ရှုဖို့ အကောင်းဆုံး အတွေ့အကြုံတွေ ပေးစွမ်းနိုင်မယ့် အချိန်ဇယားကောင်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ်သတ်မှတ်နိုင်ခဲ့ပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………
(English version)
World Athletics unveils timetable for 2027 championships in Beijing
GENEVA, Nov. 12 (Xinhua) -- World Athletics on Thursday unveiled the competition timetable for the 2027 World Athletics Championships in Beijing, confirming the dates of the men's and women's 100-meter finals and the world championships debut of the mixed 4x100-meter relay.
The men's 100-meter final will take place on September 11, the second day of the championships, with the women's final scheduled for September 12.
The championships will mark Beijing's second time hosting the event. Beijing previously staged it in 2015.
The 10-day championships, featuring 50 medal events, will be held from September 10 to 19 at Beijing's National Stadium, also known as the Bird's Nest.
The timetable has been designed to accommodate athletes competing in multiple events, including the 100 and 200 meters, 5,000 and 10,000 meters, and long jump and triple jump, ensuring they will not have to contest more than one individual event in the same session.
"The publication of the timetable is a major milestone as excitement continues to build with less than one year to go," said World Athletics President Sebastian Coe.
"We have landed on a compelling timetable that will provide great storytelling opportunities and a rich viewer experience to both fans in the stadium and those watching at home," he added. ■
Photo caption: This panoramic photo taken on Oct. 15, 2023 shows the night view of the National Stadium and the National Aquatics Center in Beijing, capital of China. (Xinhua/Jin Liwang)