
နျူကလီးယား သိပ္ပံပညာရှင် ကလဲရစ်ဖဲလ် (Clarice Phelps)ဟာ အလှည့်ကျဇယား (Periodic Table) ထဲက ဒြပ်စင်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိရာမှာ ပါဝင်ကူညီနိုင်ခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသမီးအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။
တင်နက်ဆင်း(Tennessine)လို့ လူသိများတဲ့ ဒြပ်စင်အမှတ် ၁၁၇ ဟာ အရှားပါးဆုံးနဲ့ မတည်ငြိမ်ဆုံး ဒြပ်စင်တွေထဲက တစ်ခုပါ။ ဖဲလ်ဟာ တင်နက်ဆီပြည်နယ်မှ Oak Ridge အမျိုးသားဓာတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒြပ်စင်အသစ် ရှာဖွေဖို့ လိုအပ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ပြင်ဆင်သန့်စင်ပေးတဲ့ နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
စမ်းသပ်မှုအတွက် လိုအပ်တဲ့ Berkelium-249 ကို စံချိန်စံညွှန်းမီ သန့်စင်အောင်လုပ်ဆောင်ရာမှာ ဖဲလ်က ပါဝင်ကူညီပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့ဟာ Berkelium-249 ကို စမ်းသပ်မှုလုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ ဒြပ်စင်အသစ်ရဲ့ အက်တမ် ၆ လုံးတည်းသာ ရှိတဲ့အထောက်အထားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီအက်တမ်လေးတွေဟာ ပြိုကွဲမသွားခင် စက္ကန့်ပိုင်းလောက်ပဲ တည်ရှိတာပါ။
ဒီရှာဖွေတွေ့ရှိမှုကို ၂၀၁၅ ခုနှစ်မှာ တရားဝင် အသိအမှတ်ပြုခဲ့ပြီး တင်နက်ဆီပြည်နယ်က သုတေသနအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၆ ခုနှစ်မှာ ဒီဒြပ်စင်ကို တင်နက်ဆင်းလို့ အမည်ပေးခဲ့ပါတယ်။
ဖဲလ်ဟာလည်း နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဒြပ်စင်ရှာဖွေတွေ့ရှိရာမှာ ကူညီပေးသူအဖြစ် အသိအမှတ်ပြုခံရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
Ref: Nuclear scientist Clarice Phelps
NZ (ရိုးရာလေး)