MyTech Myanmar

၂၀၃၀ ပြည့်နှစ်မှာ အမေရိကန်ဟာ နှစ်စဉ် လူတူစက်ရုပ် ၄ သိန်းအထိ ထုတ်လုပ်နိုင်ဖွယ်ရှိ

J.P. Morgan ရဲ့ ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုဟာ ၂၀၃၀ ပြည့်နှစ်မှာ လူတူစက်ရုပ် ၃၀၀,၀၀၀ နဲ့ ၄၀၀,၀၀၀ ကြား နှစ်စဉ်ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

 

အဲဒီခန့်မှန်းချက်ဟာ ကုမ္ပဏီတွေက စက်ရုံတွေ၊ ဂိုဒေါင်တွေနဲ့ အခြားလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နိုင်တဲ့ စက်ရုပ်တွေကို တီထွင်ဖို့ ကြိုးပမ်းနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

J.P. Morgan ဟာ ၂၀၃၅ ခုနှစ်မှာ အမေရိကန်ရဲ့ ထုတ်လုပ်မှုဟာ နှစ်စဉ် လူတူစက်ရုပ် ၁.၅ သန်းဝန်းကျင်အထိ ရောက်ရှိမယ်လို့လည်း မျှော်မှန်းထားပါတယ်။

 

လူတူစက်ရုပ်တွေ ဖန်တီးနေတဲ့ ကုမ္ပဏီတွေမှာ Tesla၊ Figure AI၊ Agility Robotics၊ Boston Dynamics နဲ့ Apptronik တို့ ပါဝင်ပါတယ်။

 

ဒါပေမဲ့ အဲဒီအရေအတွက်တွေဆီ ရောက်ရှိဖို့ဆိုတာ ကုမ္ပဏီတွေက စက်ရုပ်နည်းပညာကို ဘယ်လောက်မြန်မြန် တိုးတက်အောင်လုပ်မယ်၊ ကုန်ကျစရိတ်တွေကို လျှော့ချပြီး သူတို့ရဲ့ စက်ရုံတွေကို တိုးချဲ့မယ်ဆိုတဲ့အချက်တွေအပေါ် မူတည်နေပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar