NP News

Apple စီအီးအိုဟောင်းတင်မ်ကွတ်က Nvidia စီအီးအိုအဖြစ် တာဝန်ယူသင့်ကြောင်း ဒေါ်နယ်ထရမ့် ထုတ်ပြောလာ

Pika (NP News) - နိုဝင်ဘာ ၁၄

Apple ကုမ္ပဏီရဲ့စီအီးအိုဟောင်းဖြစ်သူ တင်မ်ကွတ်က ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သော Nvidia ကုမ္ပဏီ၏ စီအီးအိုဟောင်း ဂျန်ဆန်းဟွမ်၏နေရာတွင် အစားထိုးဝင်ရောက်ကာတာဝန်ယူသင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါ်နယ်ထရမ့်က “အရမ်းကိုကောင်းကောင်းမွန်မွန် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျန်ဆန်းဟွမ်က Nvidia ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပြီဖြစ်လို့ သူ့နေရာကို အစားထိုးဝင်ရောက်နိုင်မယ့် တစ်ဦးတည်းသောသူက တင်မ်ကွတ်တစ်ဦးတည်းပဲ ရှိပါတော့တယ်။ ဒါက ဝါရင့်ပုဂ္ဂိုလ်တစ်ဦးနေရာမှာ နောက်ထပ်ဝါရင့်ပုဂ္ဂိုလ်တစ်ဦးက အစားထိုးဝင်ရောက်လာတာမျိုးပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
တင်မ်ကွတ်သည် Apple ကုမ္ပဏီတွင် စီအီးအိုအဖြစ် အချိန်(၁၅)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလတွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် Apple ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။

ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို Apple ကုမ္ပဏီနှင့် တင်မ်ကွတ်တို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ဂျန်ဆန်းဟွမ်သည် တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးသည်ဟု အမေရိကန်အာဏာပိုင်များက သံသယရှိနေ သော တရုတ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး နှင့် အချစ်ရေးကိစ္စရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး နောက် Nvidia ၏ စီအီးအိုအဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် လစ်ဟာသွားသော ဂျန်ဆန်းဟွမ်၏နေရာတွင် ဘဏ္ဍာရေးအရာရှိချုပ် (CFO) ဖြစ်သူ Colette Kress က ယာယီတာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း Nvidia ကုမ္ပဏီက ထုတ်ပြန်ကြေညာထားသည်။ သို့သော်လည်း ဂျန်ဆန်းဟွမ်က ၎င်းနှင့်ပတ်သက်မှုရှိခဲ့သည့် အမျိုးသမီးက သူလျှိုတစ်ဦးဖြစ်နေနိုင်သည်ကို လုံးဝ မသိရှိခဲ့ကြောင်း ကို ဒေါ်နယ်ထရမ့်အား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အချိန်(၂)နှစ်အတွင်း Nvidia ကုမ္ပဏီက တရုတ်ဈေးကွက်ကို အဆင့်မြင့်ချစ်ပ်ပြားများ ရောင်းချရန် ကြိုးပမ်းလာမှုနှင့်အတူ ဂျန်ဆန်းဟွမ်သည် အမေရိကန်အစိုးရ၏ မူဝါဒအစီအစဉ်များကို ထောက်ခံကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News