Xinhua Myanmar

ဆီဗီလာအသင်းမှ အယ်လ်ဖွန် ဂွန်ဇာလက်ဇ်အတွက် ယခုရာသီ ဒူးဒဏ်ရာကြောင့် အဆုံးသတ်

စပိန်နိုင်ငံ ဂျီရိုနာမြို့ မွန်တီလီဗီကွင်းတွင် ဆီဗီလာအသင်းနှင့် ဂျီရိုနာအသင်းတို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်အတွင်း ဆီဗီလာအသင်းမှ အယ်လ်ဖွန် ဂွန်ဇာလက်ဇ် (ယာ) နှင့် ဂျီရိုနာအသင်းမှ ဗစ်တာရေးစ်တို့ ဘောလုံးယှဉ်လုပ်နေကြစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဆီဗီလာအသင်း တောင်ပံကစားသမား အယ်လ်ဖွန် ဂွန်ဇာလက်ဇ်အနေဖြင့် ညာဘက်ဒူးရှိ အဓိကအရွတ်တစ်ခု ပြတ်တောက်သွားသဖြင့် ယခုရာသီ ကျန်ရှိသည့်ပွဲစဉ်များအားလုံးကို လွဲချော်ဖွယ်ရှိနေသောကြောင့် အသင်းအတွက် ကြီးမားသော ဒဏ်ရာအနှောင့်အယှက်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် အယ်လ်ဖွန် ဂွန်ဇာလက်ဇ်သည် နိုဝင်ဘာ ၁၂ ရက်က လေ့ကျင့်‌ရေးဆင်းနေစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ချက်ချင်းပင် ဆေးကုသမှုဌာနသို့ ပို့ဆောင်ခဲ့ရာ MRI စစ်ဆေးချက်အရ ဒဏ်ရာမှာ ပြင်းထန်ကြောင်း အတည်ပြုခဲ့သည်။

ယခင်က ဗီလာရီးရဲလ်နှင့် ဆယ်လ်ဗီဂိုအသင်းတို့တွင် ကစားခဲ့ဖူးသည့် ၎င်းရှေ့တန်းကစားသမားအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။ ၎င်းပြန်လည်သက်သာလာမည့် အချိန်ကာလနှင့် ပတ်သက်၍ ဆီဗီလာအသင်းက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ထိုဒဏ်ရာကြောင့် ၂၀၂၆-၂၀၂၇ ရာသီ ကျန်ရှိသည့် ကာလတစ်လျှောက်လုံးတွင် ၎င်းအနေဖြင့် ပါဝင်ကစားနိုင်ဖွယ်မရှိဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

...........................

(English Version)

Knee injury ends season for Sevilla's Alfon Gonzalez

MADRID, Nov. 13 (Xinhua) -- Sevilla has suffered a major injury setback with the news that winger Alfon Gonzalez has torn the anterior cruciate ligament in his right knee and is expected to miss the rest of the season.

The 27-year-old suffered the injury during training on Thursday and was immediately taken to a medical center, where an MRI scan confirmed the seriousness of the problem.

The forward, who has previously played for Villarreal and Celta Vigo, will undergo surgery in the coming days. Sevilla has not yet announced an official recovery timetable but the injury is expected to rule him out for the remainder of the 2026-27 campaign. ■

Photo caption: Alfon Gonzalez (R) of Sevilla FC vies with Vitor Reis of Girona FC during their La Liga match at Montilivi Stadium, Girona, Spain, on Aug. 30, 2025. (Photo by Joan gosa/Xinhua)

မူရင်းသတင်း — Xinhua Myanmar