Myanmar National Post

မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော







မြောက်ဥက္ကလာပ၊ နို၀င်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမှတ်(၄)အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းသား၊ကျောင်း သူများအား အသိပညာဗဟုသုတများ ရရှိ စေရန် အတွက် အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့ နံနက် ၁၀  နာရီ အချိန် အဆိုပါရုံး Community center ခန်းမတွင်  ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ ၀င်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊လူရွယ်များ စာဖတ်ရှိန်မြှင့်‌တင်နိုင်‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ် ၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်း နှင့် ပြင်ပ ဗဟုသုတများတိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း ၊  စာအုပ်စာပေ များကို နေ့စဉ်‌ဖတ်ရှုလေ့‌လာကြရန်လိုအပ်ကြောင်း စသည့် အသိပညာ‌ ပေးဗဟု သုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က  စာဖတ်ခြင်း၏အကျိုး  အကြောင်းအား အကျယ်တ၀င့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။ 

ယင်းနောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ ၊ သုတ ရသ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းများကိုလည်း   ယှဉ်ပြိုင် စေခဲ့ကြောင်းသိရသည်။


 သက်လွင်စိုး 

#News #Myanmar

မူရင်းသတင်း — Myanmar National Post