Myanmar National Post

ပုသိမ်၌ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပရန်နှင့် လူရည်ချွန်ရွေးချယ်ရေး လမ်းညွှန်ချက်များ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပုသိမ် ၊  နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် လူရည်ချွန်ရွေးချယ်ရေးလမ်းညွှန်ချက်များ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ တိုင်းဒေသကြီးအတွင်းရှိ အလယ်တန်းအဆင့်ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါက်တာသင်းမာလာက အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်မှု စာမေးပွဲ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွှန်ရွေးချယ်ရေး လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဆရာကြီးဦးဝင်းနိုင်ဆွေက အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွှန်ရွေးချယ်ရေး လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး(စီ/ဖြတ်) ဆရာကြီးဦးဌေးလွင်က အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ကျော်ဟိန်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post