
နေပြည်တော် နိုဝင်ဘာ ၁၃
လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၆၉၆ ဒသမ ၈ သိန်းတန်ဖိုး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၃၄၀၂ ဒသမ ၆ သိန်းတန်ဖိုးနှင့် ပျော်ဘွယ်မြို့နယ်တွင် ငွေကျပ် ၁၈၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ လယ်ဝေးမြို့နယ် ကြာကန်ကျေးရွာအနီးတွင် ဖယ်ခုံမြို့နယ် ပီကင်းရွာနေ ဇော်ပိုင်(ခ)ကိုပိုင်(၂၁)နှစ် မောင်းနှင်ပြီး ချမ်းအေးသာစံ မြို့နယ်နေ သူရဇော်(ခ)နစ်ကြီး(၃၂)နှစ် လိုက်ပါလာသော HILUX SURF အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်း ၈၇ ဒသမ ၁ ကီလို (တစ်ကီလို လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် ၆၉၆ ဒသမ ၈ သိန်း) ဖမ်းဆီးရမိသဖြင့် ဇော်ပိုင်(ခ)ကိုပိုင်နှင့် သူရဇော် (ခ) နစ်ကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ကမာရွတ်မြို့နယ် (၇)ရပ်ကွက် ဟံသာဝတီလမ်းတွင် လမ်းလျှောက်လာသူ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်နေ အောင်မြင့် (ခ)ကျားရီ (၃၃)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး HAPPY WATER ၁၅၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၉၀ ဖမ်းဆီး ရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲ အချိန် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်း ကုန်း(တောင်)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် HAPPY WATER ၃ ဒသမ ၆၇၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၆၀၀ နှုန်းဖြင့် ဒေသတန်ဖိုး ငွေကျပ်သိန်း ၂၂၀၂ ဒသမ ၆ သိန်း)နှင့် ကက်တမင်း ၁ ဒသမ ၈၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၆၀၀ နှုန်းဖြင့် ဒေသတန်ဖိုး ငွေကျပ်သိန်း ၁၁၁၀) ကို ထပ်မံဖမ်းဆီးရမိသဖြင့် အောင်မြင့်(ခ) ကျားရီအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပျော်ဘွယ်မြို့နယ် ရွှေညောင်ဖူးကျေးရွာအုပ်စု ကျောက်ချပ်ရွာနေ ကျော်လွင်(၆၄)နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၉၄၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် ၁၈၈ သိန်း) ဖမ်းဆီးရမိသဖြင့် ကျော်လွင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်