တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေး ငွေထုတ်ပြန်ထားသည့် တရုတ်နိုင်ငံသား တရားခံတစ်ဦး အပါအဝင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန် လုပ်ကိုင်နေသူ ၁၀၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သာကေတမြို့နယ်အတွင်း ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (Ministry of Public Security– MPS)နှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရားခံ ၄၃ ဦး အမည်စာရင်း၌ ပါရှိသူ Su Fu Quan (ဆူးဖုချွမ်) ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတမြို့နယ်အမှတ်(၈)ရပ်ကွက် နဝရတ်လမ်းအောင်ကောင်းကျော် အိမ်ရာဝင်းအတွင်းရှိ ပြင်ဦးလွင်မြို့နေ ဒေါ်မြတ်ဇင်ဦးနှင့် တရုတ်နိုင်ငံသား Mr. Huo တို့ ပိုင်ဆိုင်သည့် Golden River Residence Condo ၊ အခန်းအမှတ် (၁၁၀)၊ (၃၀၁)၊ (၃၀၂)၊ (၃၀၆)၊ (၃၀၇)၊ (၃၁၀)၊ (၅၀၅)၊ (၅၀၉)နှင့် (၅၁၀) တို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား Su Fu Quan (ဆူးဖုချွမ်) အပါအဝင် တရားမဝင် တရုတ်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးလေးဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသားရှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၁၀၆ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန် ရာတွင်အသုံးပြုသည့် ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ငါးလုံး၊ Server တစ်လုံး၊ ဖုန်းမျိုးစုံ အလုံး ၁၉၀၊ Wifi စက် ခုနစ်လုံး၊ Router နှစ်လုံး၊ မြန်မာနိုင်ငံသား Passport စာအုပ်ငါးအုပ်၊ တရုတ်နိုင်ငံသား Passport စာအုပ် နှစ်အုပ်၊ KBZ ဘဏ်စာအုပ်လေးအုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းမှုများအရ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ငန်းလုပ်ကိုင်ရာတွင် ဟန်တုပ်၊ ပိုင်ရစ်၊ အာထန်၊ တာဟိုက်နှင့် စုကျင်ဟူ၍ အဖွဲ့ငါးခုဖွဲ့စည်းထားကြောင်း၊ အဖွဲ့တိုင်း၌ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် တို့ကဦးဆောင်၍ Kaqpo အကောင့်နှင့် Telegram အကောင့်များဖွင့်လှစ်၍ လုပ်ကိုင်ကြောင်း၊ အဆိုပါ Kaqpo အကောင့်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့တွင်နေထိုင်သည့် Customer (ပစ်မှတ်)များနှင့် Member Group ဖွဲ့ပေးထားပြီး တရုတ်စာဖြင့်သာ ရေးသားပြောဆိုကာ Kaqpo Application အား Chrome မှတစ်ဆင့် Download ပြုလုပ်၍ အကောင့်ဖွင့်ရကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုကို အခြေခံကာ အခွင့်အလမ်းမက်လုံးပေးလိမ်လည်မှုအနေဖြင့် ပထမအဆင့်တွင် ပစ်မှတ်ထားခံ ရသူများအား အမျိုးသမီးများဖြင့် စည်းရုံးမှုကို စတင်ရာ Customer Service များက အမျိုးသမီးစတစ်ကာပုံများကို ပစ်မှတ်ထားခံရသူ (Customer) များထံသို့ပေးပို့ကာ ၎င်းတို့ကြိုက်နှစ်သက်မည့် အမျိုးသမီးများ၏ အသက်အရွယ်၊ အပျို/အိမ်ထောင်သည်တို့ကို မေးမြန်းပြီး Customer များကရွေးချယ်၍ ပြန်လည်ပေးပို့လာပါက ၎င်းတို့ နေထိုင်သည့် မြို့နယ်နှင့် Location တို့ကို တောင်းယူကြောင်း၊ ထို့နောက် Customer အား အမျိုးသမီးများနှင့် ပျော်ပါးနိုင်ကြောင်း ဓာတ်ပုံများပေးပို့၍ စည်းရုံးခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Customer အား Member ဝင်ရောက်ရန်စည်းရုံးပြောဆို၍ ဝင်ရောက်မည်ဆိုပါက Ali Pay နှင့် Wechat Pay QR ကုတ်တို့ကို Customer ထံပေးပို့ပြီး တရုတ်ငွေ ၁၀ ယွမ် လွှဲခိုင်းကြောင်း၊ ငွေလွှဲရောက်ရှိပါက VIP အကောင့်ဖွင့်ရန် ကုတ်နံပါတ်ပေးပို့ ကြောင်း၊ ဆက်လက်၍ အဖွဲ့ခေါင်းဆောင်၏ Kaqpo အကောင့်သို့ ဆက်သွယ်စေခဲ့ကြောင်း၊ ထို့နောက် အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များက ပျော်ပါးနိုင်သော အမျိုးသမီးနှင့် ဆက်သွယ်ပေးမည်ဟုပြောဆို၍ Customer ၏ ကိုယ်ရေးအချက်အလက်နှင့် အလုပ်အကိုင်တို့ကို ပေးပို့စေခဲ့ပြီး အဆိုပါအမျိုးသမီးနှင့် Group ဖွဲ့ပြောဆို၍ Member ကြေး တရုတ်ငွေ ၇၂ ယွမ် လွှဲစေခဲ့ကြောင်း၊ ငွေရရှိမှုအတည်ပြုပြီးပါက Customer အတွက် အကျိုးအမြတ်ဟုဆိုကာ ၈ ယွမ် ထပ်ဆောင်း၍ တရုတ်ငွေ ၈၀ ယွမ်ကို Customer ထံသို့ ပြန်လည်လွှဲပေးကြောင်း၊ တတိယအဆင့်အနေဖြင့် တရုတ်ငွေ ၂၀၁ ယွမ် ပေးသွင်းပါ က ၂၂၃ ယွမ်၊ တရုတ်ငွေ ၄၀၁ ယွမ် ပေးသွင်းပါက ၄၂၅ ယွမ်၊ တရုတ်ငွေ ၆၀၁ ယွမ် ပေးသွင်းပါက ၆၆၂ ယွမ်ရရှိမည်ဟု မက်လုံးပေးစည်းရုံးပြောဆို၍ Customer က လွှဲပေးသည့်ယွမ်ငွေအပါအဝင် အကျိုးအမြတ်ရရှိငွေများကို တစ်ပေါင်းတည်း ပြန်လည်လွှဲပေးခဲ့ကြောင်း၊ ထို့နောက် ယုံကြည်အောင် ဆက်လက်စည်းရုံးပြောဆို၍ စတုတ္ထအဆင့်အနေဖြင့် Customer က လောဘတက်ကာ ငွေကြေး အမြောက်အမြား ထည့်ဝင်လာသည့်အခါတွင် ငွေများပြန်မပေးတော့ဘဲ လိမ်လည်ရယူကြောင်း၊ Customer များထံမှ တစ်ဦးလျှင် အများဆုံးတရုတ်ငွေ ယွမ် ၄၈၀၀၀ အထိ လိမ်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းမှ ဈေးရောင်းဈေးဝယ်လိမ်လည်မှုလုပ်ငန်းစဉ်အနေဖြင့် Telegram Group သုံးခုကို ဖွဲ့စည်းထားရှိပြီး Group တစ်ခုတွင် Member ခုနစ်ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ၎င်းတို့သည် ဘရာဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံနေပစ်မှတ်များအား အဓိကထား၍ ဈေးဝယ် Website အတုများဖြစ်သည့် www.amazonexotic.com နှင့် www.falabella.com တို့ကို အသုံးပြုကာ လိမ်လည်ကြကြောင်း၊ လိမ်လည်မှု ပြုလုပ်ရာတွင် www.amazonexotic. com နှင့် www.falabella.com ၌ ရောင်းချရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား Like ပြုလုပ်ရုံဖြင့် ဘရာဇီးနိုင်ငံနှင့် ကိုလံဘီယာ နိုင်ငံငွေ ၁၀၀၀၀ အား ကနဦးပေးခြင်း၊ ထိုသို့ငွေပေးရန်အတွက် Telegram အကောင့်အသုံးပြုသူထံမှ ဘဏ်အကောင့်တောင်းခံခြင်း၊ ဘဏ်အကောင့် ရရှိပါက အဆိုပါဘဏ်အကောင့်သို့ ကနဦးငွေ ၁၀၀၀၀ ထည့်သွင်းပေးခြင်း၊ ထို့နောက် နောက်အဆင့်တက်ရောက် ရန်အတွက် Telegram Group အတွင်းသို့ ထည့်သွင်းပေး ပြီး Telegram Group အတွင်း ရောက်ရှိလာပါက www.amazonexotic.com နှင့် www.falabella.com ၌ ရောင်းချရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား ထပ်မံ၍ Like သုံးကြိမ် ပြုလုပ်ခိုင်းခဲ့ကာ ထိုသို့ပြုလုပ်ပေးသည့်အတွက် ဘရာဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံ ငွေ ၁၃၀၀၀ အားထပ်မံပေးခြင်း၊ Like သုံးကြိမ်ပြုလုပ်ပေးသည့်အတွက် VIP Telegram Group အတွင်း တစ်ဆင့် တက်သည့်အနေဖြင့် ထပ်မံထည့်သွင်းပေးပြီး VIP အတွင်းရောက်ရှိလာပါက Member ဝင်ရန်အတွက် မြူဆွယ်ကာ Member ဝင်ရောက်၍ စျေးဝယ်ပါက စျေးဝယ်သည့် ကုန်ကျငွေအပြင် Member ကြေး ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးခြင်း၊ ထိုသို့ ထပ်ဆောင်းပေး၍ ထပ်မံ Member ဝင်ရောက်ပါက Member ကြေးများ ၆၀ ရာခိုင်နှုန်းအထိ ထပ်ဆောင်ပေးမည်ဟု မက်လုံးပေးမြှူဆွယ်ကာ Member ကြေးများအား လိမ်လည်ခဲ့ခြင်းတို့ကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်