Eleven Media Group

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုခန်းမဆောင် ပြုပြင်မွမ်းမံမှု၊ ခေတ်မီသန့်စင်ခန်းတည်ဆောက်နေမှုနှင့် ဝန်ထမ်းအိမ်ရာဝင်းအတွင်း RC လေးခန်းတွဲ နှစ်ထပ်ဆောင်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ နေအိမ်များ အကြီးစားပြုပြင်မွမ်းမံမှုကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ထို့နောက် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက် (Quick Impact Project – QIP) ဖြင့် ဆောင်ရွက်မည့် အင်းလေးကန်ပုံစံအတွင်း ပတ်လမ်းကွန်ကရစ်လမ်းခင်းမည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့သည်။

မူရင်းသတင်း — Eleven Media Group