Xinhua Myanmar

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ် ပျံသန်းမှု ရပ်နားမိန့်အား ပယ်ဖျက်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် လေကြောင်းခရီးစဉ် အချက်အလက်ပြ ဖန်သားပြင်ရှေ့မှ လျှောက်သွားသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) သည် နိုဝင်ဘာ ၁၃ ရက် ညပိုင်းတွင် နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ်ပျံသန်းမှု ရပ်နားမိန့်အား ပယ်ဖျက်ခဲ့သည်။ ထိုနေ့တွင် အမေရိကန်၌ လေကြောင်းခရီးစဉ် အကြိမ်ရေ ၁၅,၀၀၀ ခန့် နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဖြစ်ခဲ့သည်။

ထိုနေ့ညတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Markwayne Mullin က ယခုအကြိမ်ဖြစ်စဉ်သည် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု သက်သေပြသည့် သက်သေမရှိသလို ထိုမတိုင်မီတစ်ရက်က ဖြစ်ပွားခဲ့သည့် Microsoft ဆော့ဖ်ဝဲလ် ဝန်ဆောင်မှု ပြတ်တောက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ဆိုခဲ့သည်။

အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Sean Duffy က ယခုအကြိမ်ချို့ယွင်းမှုကို “အလွန်အိုဟောင်းပြီး ခေတ်နောက်ကျနေသည့် လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုစနစ်” ကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ ထရမ့်အစိုးရအနေဖြင့် “လေကြောင်းပို့ဆောင်ရေး စီမံထိန်းချုပ်မှုအသစ်ကို လုံးဝတည်ဆောက်ရန်အတွက် လွှတ်တော်မှ ရန်ပုံငွေအပြည့်အဝပံ့ပိုးပေးရန်” တောင်းဆိုလျက်ရှိကြောင်း ၎င်းက ဆိုခဲ့သည်။

FAA က ထိုနေ့ညနေတွင် “အထူးအခြေအနေနှင့် လုံခြုံရေး အကြောင်းပြချက်” ဖြင့် နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ်များ ပျံသန်းမှု ယာယီရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ပျံသန်းမှုရပ်တန့်ခြင်း ဖြစ်စဉ်သည် ခရီးသွားဧည့်သည်အများအပြား၏ သွားလာမှုအစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေသည်သာမက ကုန်စည်ပို့ဆောင်ရေး၊ အားကစားပြိုင်ပွဲ စသည်တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ဖြစ်စေခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ရပ်နားထားသော လေယာဉ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

美航空局解除全国航班停飞令

新华社华盛顿11月13日电(记者颜亮)美国联邦航空局13日晚间解除了全国航班的停飞令。当天美国约有1.5万架次航班延误或取消。  

在当晚的新闻发布会上,美国国土安全部长马克韦恩·马林表示,目前没有证据表明此次事件由网络攻击造成,也与前一天开始出现的微软软件服务中断无关。  

美国交通部长肖恩·达菲将此次故障归咎于“极其陈旧的空中交通管制系统”。他说,特朗普政府一直在“要求国会提供全额资金,以全面建设全新的空中交通管制系统”。  

美国联邦航空局当天下午以“特殊情况和安全原因”为由,发布全国范围的航班暂停起飞指令。停飞事件不仅打乱了大批旅客的出行计划,也对物流运输、体育赛事等造成广泛影响。(完)

图说1:11月13日,在美国弗吉尼亚州阿灵顿的里根国家机场,人们从航班信息显示屏前走过。新华社记者 李睿 摄

图说2:11月13日,飞机停靠在美国弗吉尼亚州阿灵顿的里根国家机场。新华社记者 李睿 摄

မူရင်းသတင်း — Xinhua Myanmar