Myanmar Transparency News

ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ဆယ်ကျော်သက်ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု မကွေးတွင်ဖြစ်ပွား

၁၃.၁၁.၂၀၂၆
Written by KL

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်၊ ကင်းရပ်ကွက်၊ ကမ်းနားလမ်း ဘိုးဘိုးကြီးစေတီအနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ရေဆင်းကူးသည့် ဆယ်ကျော်သက်ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အသက် ၁၄ နှစ်အရွယ် ​မောင်မင်းထက်အာကာဇော်မှာ ဧရာဝတီမြစ်အတွင်းရေဆင်းကူးရာမှ ရေနစ်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းသားလေးတွေ လေးယောက် ရေဆင်းချိုးရင်း တစ်ယောက်က ရေနစ်သွားတာပါ၊ ခုနစ်တန်းကျောင်းသားတွေပါ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ရေနစ်ပျောက်ဆုံးနေသူကို မကွေးမြို့နယ်မီးသတ်စခန်းနှင့် မြသလွန်ဘုရားပွဲတော် (ယာယီ) မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက Speed Boat တစ်စီးဖြင့် လည်း​ကောင်း၊ မြေပြင်လူမှုကူညီရေးအသင်းမှ အသင်းသားများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ မွန်းလွဲ ၃ နာရီခန့်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသူကလေး၏ KS လူမှုကူညီရေးအသင်းမှ အသင်းပိုင်ယာဉ်ဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News