




၁၃.၁၁.၂၀၂၆
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကဏန်းကျွန်းအနီး၊ တနင်္သာရီမြစ်အတွင်း၌ နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့သော လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စက်လှေမီးလောင်မှုမှာ ဘတ္ထရီ (ဘက်ထရီ) ရှော့ရိုက်၍ စက်နှိုးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
“ပြည့်ပြည့်ဖြိုးအောင် ” စက်လှေမှာ ဘတ္ထရီရှော့ရိုက်၍ စက်နှိုးရာမှမီးပွားထွက်ပြီး လှေပေါ်ရှိ ဆီငွေ့နှင့်ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
လှေမီးလောင်မှုကြောင့် စက်လှေ၏စက်ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လှေလုပ်သား အသက် ၃၀အရွယ် ကိုဖြိုးမင်းဝေ၏ နောက်ကျော၊ မျက်နှာ၊ ရင်ဘတ်၊ ဘယ်ညာခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများရရှိသဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသနေပြီး လူနာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
စက်လှေမီးလောင်မှုကို မီးသတ်ယာဉ် ၆ စီး၊ စက်လှေ ၃ စီး၊ အပေါ့စားမီးသတ်စက် ၃ လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။