NP News

မြန်မာနှင့်ပတ်သက်ပြီး အာဆီယံ၏မူဝါဒကို ဖြေလျော့ပေးမည်မဟုတ်ဟု အာဆီယံအထူးကိုယ်စားလှယ်ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅

​အာဆีယံ၏ အထူးကိုယ်စားလှယ် မာသီရီဇာလာဇာရို က မြန်မာအစိုးရအပေါ် အာဆีယံအသင်း၏ ချဉ်းကပ်ပုံမူဝါဒမှာ "လျော့ပေါ့သက်သာခွင့် တစ်စုံတစ်ရာရှိလာမည်မဟုတ်ကြောင်း" အခိုင်အမာပြောကြားခဲ့သည်။

လက်ရှိမူဝါဒသည် ငါးချက်ပါ သဘောတူညီချက်ကို အခြေခံထားပြီး၊အဆိုပါသဘောတူညီချက်ကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့်မှ ပိတ်ပင်ထားခြင်း ခံထားရသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ အထူးကိုယ်စားလှယ်လည်းဖြစ်သူ လာဇာရိုက နိုဝင်ဘာ ၁၄ ရက် (စနေနေ့) က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကိစ္စကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

​အာဆีယံ၏ အချက်ငါးချက်ပါ သဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်းက မြန်မာ့အစိုးရခေါင်းဆောင်များအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ပြောင်းလဲသွားစေနိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့ရာတွင် သူမက "ရိုးရိုးသားသားပြောရရင် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်တဲ့ပုံစံမှာလျော့ပေါ့ပေးတာမျိုး လုံးဝမရှိပါဘူး။ ငါးချက်ပါ သဘောတူညီချက်ကတော့ ဆက်ရှိနေဆဲပါပဲ" ဟု ပြောကြားခဲ့သည်။

အာဆีယံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကမ်းလှမ်းချက်များသည် အဆိုပါသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးပါဝင်သော အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းချက်များနှင့်အတူ ပါဝင်နေသည်။အဆိုပါ သဘောတူညီချက်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသော အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အာဆီယံ၏ အဓိက မူဘောင်တစ်ခုဖြစ်သည်သို့သော်လည်း တင်းမာသည့် ရပ်တည်ချက်ရှိနေသော်လည်း အာဆီယံခေါင်းဆောင်များသည် လာမည့်ထိပ်သီးအစည်းအဝေးတွင် အဆိုပါသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန်နှင့် အဆိုပြုချက်အသစ်များကို စဉ်းစားသုံးသပ်ရန် စီစဉ်ထားကြသည်။ အဆိုပြုချက် အများအပြားကို အာဆีယံခေါင်းဆောင်များထံသို့ စဉ်းစားသုံးသပ်နိုင်ရန် တင်ပြသွားမည်ဖြစ်ပြီး၊ သဘောတူညီချက် ပြန်လည်သုံးသပ်ရေးမူကြမ်းကိုလည်း ဆက်လက်ညှိနှိုင်းဆဲဖြစ်သည်။
​ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့သည့် အာဆีယံအဖွဲ့ဝင်နိုင်ငံအချို့ထဲတွင် ပါဝင်သော ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခွင့်ပေးရန် အဆိုပြုထားသည်။​

သို့သော် မြန်မာဝန်ကြီးအား အာဆီယံတွင် မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသောနေရာကို ယူခွင့်ပြုရန် ကိစ္စမှာ ဆုံးဖြတ်ချက်မချရသေးဘဲ ဆက်လက်ဆွေးနွေးဆဲအခြေအနေမှာသာ ရှိသေးကြောင်း ဝန်ကြီးလာဇာရိုက အတည်ပြု ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News