Eleven Media Group

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အာဆီယံ၏ ချဉ်းကပ်ဆောင်ရွက်မှုပုံစံကို ပြောင်းလဲမည်မဟုတ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အာဆီယံ၏ ချဉ်းကပ်ဆောင်ရွက်မှုပုံစံကို ပြောင်းလဲမည်မဟုတ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိကျင့်သုံးနေသော မူဝါဒသည် ၂၀၂၁ ခုနှစ်က မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

ထိုသို့ ခိုင်မာသော ရပ်တည်ချက် ရှိနေသော်လည်း အာဆီယံခေါင်းဆောင်များသည် လာမည့် ထိပ်သီးအစည်းအဝေးအတွင်း အဆိုပါ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန်နှင့် အဆိုပြုချက်အသစ်များကို ထည့်သွင်းစဉ်းစားရန် စီစဉ်ထားသည်။

ဆွေးနွေးနေဆဲဖြစ်သည့် အဆိုပြုချက်တစ်ခုမှာ လာမည့် အာဆီယံ အစည်းအဝေးများသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ခွင့် ပြု၊ မပြု ဆိုသည့် ကိစ္စရပ် ဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ မနီလာမြို့တော်တွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၌ ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။

ဝင်ဘာလ ၁၄ ရက်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် မြန်မာနိုင်ငံရေးခေါင်းဆောင်များအပေါ် ထားရှိသည့် ကန့်သတ်ချက်များ ပြောင်းလဲသွားနိုင်ခြေ ရှိ၊ မရှိ သတင်းထောက်များက လာဇာရိုအား မေးမြန်းခဲ့ကြသည်။

"ပွင့်ပွင့်လင်းလင်း ဖြေရရင်တော့ မြန်မာအပေါ် ချဉ်းကပ်ပုံကို လျှော့ပေါ့ပေးတာမျိုး မရှိပါဘူး။ ဘုံသဘောတူညီချက် ငါးရပ်က ဆက်လက်တည်ရှိနေဆဲပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: The Nation Thailand

မူရင်းသတင်း — Eleven Media Group